တစ်ခါက စိတ်သဘောထားကောင်းမွန်ပြီး သနားကြင်နာတတ်တဲ့ မောင်ဒီပဆိုတဲ့
လူငယ်တစ်ယောက်ရှိတယ်... “ဟိုရှေ့က ရွံ့ထဲမှာ ရွှေရောင်ဝင်းနေတာ ဘာပါလိမ့်”
“သြော်ဘာများလည်းလို့လယ်ပုစွန်လုံးလေးပဲ..”“တော်သေးတာပေါ
ငါမြင်လိုက်လို့
ထွန်တုံးနဲ့တွေ့ပြီးသေတော့မလို့ ....မလှမ်းမကမ်းမှာရှိတဲ့ သစ်ပင်ရိပ်အောက်က ရေကန် ငယ်လေးထဲကို ပြောင်းရွေ့ ပေးလိုက်တယ်...“ကဲကဲဘေးလွတ်ရာမှာ နေပါ
ကွာ.”မောင်ဒီပဟာ နေ့လည် ထမင်းစားချိန်ရောက်တဲ့အခါသစ်ပင်ရိပ်အောက်မှာထ
မင်းစားတယ် ....“ဟင် ပုစွန်လေးပါလား” မောင်ဒီပဟာ သူစားတဲ့ အထဲကပုစွန်
လေးကို ချကျွေးတယ် “ရော့ စားကွာစား”ပုစွန်လုံးလေးကစားတယ်....နောက်တော့
မောင်ဒီပနဲ့ ပုစွန်လုံးလေးဟာရင်းနှီးသွားတယ်....စပါးတွေဝင်းမှည့်လာချိန်မှာတော့.
...ကျီးဖိုနဲ့ကျီးမလင်မယားဟာမောင်ဒီပရဲ့လယ်ကွင်းထဲကမောင်ဒီပထမင်းစားနေကျ
သစ်ပင်ပေါ်ကိုပြောင်းလာကြတယ်...မောင်ဒီပသစ်ပင်ရိပ်အောက်မှာထမင်းစားနေတာ ကို တွေ့တဲ့ကျီးဖိုနဲ့ကျီးမဟာ .....“ ဘာလဲ ချစ်စရာ ကောင်းလို့လား” “ ချစ်စရာ
ကောင်းတာမဟုတ်ဘူး မောင်ရဲ့ သူရဲ့ မျက်စိပြူးပြူးလေးကိုဖောက်စားချင်တာ
သိရဲ့လား” “ဒီကောင်လေးကြည့်ရတာ သန်သန်မာမာဖြတ်ဖြတ်လတ်လတ်နဲ့ကွ....”
“ကိုယ့်ကိုယ်ပြန်ရန်မူနေလို့ဟုတ်ပေဖြစ်နေဦးမယ်ငါမလုပ်ရဲဘူး”“ရှင်မယူရဲရင်နေကျုပ်
ဟာ ကျုပ်ကြံမယ်..”ဥာဏ်များတဲ့ကျီးမက ခပ်ဝေးဝေးကတောင်ပို့တစ်ခုမှာ မြွေ
ဟောက်တစ်ကောင် နေမှန်းသိသွားတယ်...“ဟုတ်ပြီဒီမြွေဟောက်ကိုအသုံးချ ရမယ်”
ဒါကြောင့် ကျီးဖိုကိုသူ့ရဲ့အကြံစည်ကိုပြောပြတယ်..ကျီးဖိုဟာဇနီးဖြစ်တဲ့ကျီးမရဲ့အကြံတိုင်း မြွေဟောက်ကြိုက်တဲ့ ဖားတွေ ငါးတွေကိုချီယူပြီး တောင်ပို့ရှေ့မှာချပြီး...
“မြွေမင်းကိုပူဇော်ပါတယ်ခင်ဗျာ”မြွေကကျီးဖိုယူလာတာကိုစားတယ်ပြီးတော့....
“ဘာကြောင့်ငါ့ကိုပူဇော်တာလဲကွ” “x x x x ဒီ ဒီလိုပါခင်ဗျာ” ကျီးဖိုပြောပြတဲ့
စကားကိုနားထောင်ပြီးတဲ့ အခါမှာတော့ မြွေဟောက်က ....“ရပါတယ်ကွာကူညီ
ရတာပေါ့”နောက်တစ်နေ့မှာမောင်ဒီပလယ်ကွင်းထဲရောက်လာခဲ့တယ်.....မောင်ဒီပ
ဟာ သူထိုင်နေကျသစ်ပင်အောက်ရောက်လို့ ထိုင်မယ်အလုပ်မှာ
.... အား..... မောင်ဒီပလဲကျသွားတာနဲ့ ကျီးမဟာချက်ချင်း ရင်ပတ်ပေါ်တက်ပြီး မျက်လုံးကိုဖောက်
ဖို့ကြိုးစားတယ်...ဒီအခါမှာရေအိုင်ထဲကပုစွန်လုံးကတက်လာ ပြီး....ကျီးမရဲ့လည်
ပင်းကညှစ်လိုက်တယ်...ကျီးမရဲ့အော်သံကြောင့်မြွေကလှည့်လာတယ်....ပုစွန်လုံး
ဟာ ပြန်လှည့်လာတဲ့ မြွေကိုပါ ကျန်တဲ့လက်တစ်ဖက်နဲ့ထပ်ပြီးညှပ်လိုက်ပြန်တယ်....
“ ဟေ့ ဟေ့ကောင်ပုစွန်လုံးမင်းဟာကျီးသားလည်း မစား မြွေသားလည်းမစားဘဲနဲ့
ဘာဖြစ်လို့ငါတို့ကိုညှပ်ရတာလဲကွ ” “ဘာလို့ညှပ်ရတာလဲဟုတ်လားမင်းတို့ဟာငါ့ရဲ့
မိတ်ဆွေကိုရန်မူလို့ညှပ်တာကွကဲဟာ..” ကျီးမရော မြွေပါသေဆုံးသွားပြီးနောက်
ကျီးဖိုမှာလည်း ....“မဖြစ်ဘူးလစ်မှ” ပုစွန်လုံးက မြွေဆိပ်ဖြေ ဆေးရွက်ကို ယူလာပြီး
ကျွေးရာမောင်ဒီပလည်းအဆိပ်ပြေ သွားပြီး သူ့ဘေးတွင်သေနေသော ကျီးသေနှင့် မြွေကို တွေ့လေရာ..... “ဟင် ပုစွန်လုံးလေး မင်းကငါ့အသက်ကို ကယ်လိုက်တာပေါ့
နော် ကျေးဇူးတင်ပါတယ် ကွာ...”
Make a Free Website with Yola.