တစ်ခါက အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးပြီး အသက်မွေးတဲ့ရွာလေးတစ်ရွာရှိလေတယ် ...ရွာသူရွာသားတွေဟာ ကြိုးစားပြီးတော့ စိုက်ပျိုးကြသတဲ့ ... ဒီတော့ အသီးနှံတွေဟာ ကြီးထွားပြီး အရမ်းကိုအရသာရှိတယ်...
ရွာထဲမှာရှိတဲ့ လူတွေအားလုံး ရွာနားမှာစိုက်ခင်းရှိပေမဲ့ ငမဲ ဆိုသူတစ်ယောက်ရဲ့ ယာခင်းကတော့ ရွာနားမှာမရှိဘူး... သူဟာ မနက်ဘက်ဆို ထမင်းထုပ်တစ်ထုပ်နဲ့အတူ ရွာအပြင်ကို ထွက်သွားတတ်သတဲ့.... တခြားသူတွေလုပ်ငန်းသိမ်းလို့ ပြန်လာတဲ့အချိန်
မှာတောင် သူဟာ အိမ်ပြန်မရောက်သေးဘူးလေ.... နောက်တစ်နေ့မနက်မှာတော့ သူရဲ့အိမ်မှာ ဖွံ့ထွား သန်စွမ်းတဲ့ သီးနှံတွေ အပြည့်နဲ့ အိမ်ကိုပြန်ရောက်နေပြီပေါ့....
“အလုပ်သိပ်ကြိုးစားတဲ့သူငယ်ဗျ..” ဒါကြောင့် ရွာထဲကလူတွေဟာ ငမဲကို ချီးကျူး
ကြပေတယ် .... တစ်နေ့တော့ ရွာစွန်ကဖိုးပညာ ဆိုတဲ့လူငယ်လေးဟာ သီးနှံစုံ
ထွက်နေတဲ့ ငမဲရဲ့ ယာခင်းကိုအရမ်းစိတ်ဝင်းစားသွားသတဲ့ “ကိုငမဲ ခင်ဗျားရဲ့ယာခင်းက ဘယ်မှာလဲဗျ..” ငါ့ရဲယာခင်းက ဟိုအဝေးကြီးမှာကွ ဒီတော့မင်းတို့တွေဘယ်သိမှာလဲ” ဖိုးပညာက စပ်စုပြီးမေးမြန်းတာကို ငမဲက ဝေ့လည်ကြောင်ပတ် ဖြေလိုက်တော့ ဖိုးပညာ
ဟာ မသင်္ကာဖြစ်သွားတယ်...“ အင်း ငမဲဘာတွေလုပ်နေတာလဲဆိုတာကိုသိရအောင် လိုက်ချောင်းကြည့်မယ်..” နောက်တစ်နေ့မနက်မှာ ငမဲက ထမင်းထုပ်နဲ့
ထုံးစံအတိုင်း
ထွက်လာသတဲ့... ဒီတော့ ဖိုးပညာဟာ ငမဲရဲ့အနောက်ကနေ အသာလေးလိုက်ချောင်း
တာပေါ့.... ငမဲဟာ ရွာပြင်ကယာခင်းတွေကိုကျော်ဖြတ်ပြီး
တောအုပ်ထဲဝင်သွားတယ်... ပြီးတော့ အရိပ်ကောင်းတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ အောက်မှာ အိပ်နေတော့သတဲ့ ....ဖိုးပညာလည်း မလှမ်းမကမ်းက သစ်ပင်ပေါ်တက်ပြီး အခြေအနေကို စောင့်ကြည့်နေတာပေါ့... ဒီလိုနဲ့ နေမွန်းတည့်ချိန်ကို ရောက်တော့ ငမဲဟာနိုးလာတော့တယ်.... ဒီအခါသူဟာ ပါလာတဲ့ ထမင်းထုပ်ကိုဖြေပြီးစားသတဲ့... ပြီးတော့ ပြန်ပြီးအိပ်နေတော့တာပေါ့... အရမ်းအလုပ်ကြိုးစားတယ်လို့ နာမည်ကြီးနေတဲ့ ငမဲဟာ တစ်နေ့ကုန်
အိပ်နေတာတွေ့ရတဲ့ ဖိုးပညာဟာ အံ့သြနေတော့တယ်... ဒီလိုနဲ့ မှောင်ရီပျိုးလို့ လုပ်ငန်းသိမ်းပြီး အိမ်ပြန်ချိန်မှာ ငမဲဟာ နိုးလာပြန်တာပေါ့... ဒီအခါငမဲက ရွာဘက်
ကိုပြန်လာသတဲ့.... ဒီတော့ဖိုးပညာတစ်ယောက်လည်း နောက်ကနေလိုက်ကြည့်တော့တယ်...ခဏကြာတော့ ငမဲဟာ ရွာသားတွေရဲ့ ယာခင်းထဲကိုရောက်သွားသတဲ့...

“ ဟာ ငမဲက သူများသီးနှံတွေကို ခိုးပြီးခူးနေပါလား..” ငမဲဟာသူဝှက်ပြီးတော့ ယူလာခဲ့တဲ့ အိတ်တွေထဲကို သီးနှံတွေထည့်ပြီး ညဥ့်နက်သန်းခေါင်ကျမှ ပြန်သွားတယ်... ဒီတော့ အဖြစ်မှန်ကိုသိလိုက်ရတဲ့ ဖိုးပညာကဒေါသထွက်သွားတာပေါ့... “ အင်း လူလိမ် လူညာ သူခိုးငမဲကို ကောင်းကောင်းကြီးဒဏ်ခတ်မှ ဖြစ်တော့မယ်” အဲဒီနောက်ဖိုးပညာဟာ ရွာသူကြီးဆီကိုသွားပြီး အကျိုးအကြောင်းပြောပြလိုက်သတဲ့ ... “မဖြစ်နိုင်တာဘဲ.” ပထမတော့ ရွာသူကြီးက မယုံဘူး... ဒါနဲ့စိုက်ခင်းက သီးနှံတွေမှာ အမှတ်အသားလုပ်ပြီး စစ်ဆေးတော့မှ သီးနှံတွေပျောက်နေမှန်းသိတော့
တယ်.... ဒီတော့ ရွာသားတွေက ညဘက်မှာ သူခိုးငမဲကို စောင့်ပြီးဖမ်းကြသတဲ့... ဒီတော့ သူခိုးငမဲကို လက်ပူးလက်ကြပ်နဲ့ ဖမ်းမိသွားတာပေါ့... “တောက် ငါတို့ရဲ့ သီးနှံတွေကို ခိုးယူနေတဲ့ငမဲ သိကြသေးတာပေါ့..” နောက်တော့ ရွာသားတွေဟာ ငမဲကို ရွာသူကြီးဆီခေါ်သွားပြီး ပြင်းပြင်းထန်ထန်ဆုံးမဖို့ တောင်းဆိုကြတယ်... ဒီတော့ရွာသူကြီးကလည်း ဘယ်လိုဒဏ်ပေးရမယ်မှန်း မသိဘူးဖြစ်နေသတဲ့... “ ကိုင်း ဒီကိစ္စကို ရွာဦးညောင်ပင်က ရုက္ခစိုးကြီးကိုပဲ ဆုံးမခိုင်းရမယ်..” ဒီလိုနဲ့ ရွာသူကြီးတို့
ဟာရုက္ခစိုးကြီးရှိတဲ့ရွာထိပ်ကညောင်ပင်ဆီကိုသွားကြတယ်...“ရုက္ခစိုးမင်းကြီးခင်ဗျာ
အကူအညီတစ်ခုတောင်းချင်လို့ကြွတော်မူပါ..”ဒီအခါရုက္ခစိုးကြီးကကိုယ်ထင်ပြသတဲ့..” ရွာသူကြီးဟာအဖြစ်အပျက်တွေပြောပြပြီးငမဲကိုဒဏ်ခတ်ပေးဖို့အကူအညီတောင်းတယ်
ဒီအခါရုက္ခစိုးကြီးက ငမဲကို သူ့ရဲ့ နတ်တောင်ဝှေ့နဲ့တို့လိုက်သတဲ့.... ဒီတော့ငမဲဟာ ပျောက်ကွယ်သွားတော့တာပေါ့... ဒီတော့ လူတွေက ငမဲတစ်ယောက်တစ်စစီဖြစ်ပြီး သေဆုံးသွားပြီလို့ ထင်လို့ ကျေနပ်စွာနဲ့ ပြန်သွားကြလေတယ်... ဒါပေမဲ့ ရုက္ခစိုးကြီးက ငမဲကို သတ်ပစ်လိုက်တာမဟုတ်ဘဲ အလွန်သေးငယ်တဲ့ သတ္တဝါလေးအဖြစ် ဖန်ဆင်းလိုက်တာဖြစ်သတဲ့... အဲဒီသတ္တဝါလေးဟာ လူ့ဘဝက အကျင့်မပျောက်ဘဲ အစားအစာ သီးနှံတွေကို ခိုးယူပြီးသူနေတဲ့ မြေတွင်းထဲကို တစ်နေကုန်သယ်ထည့်နေပြန်တာပေါ့ .....အဲဒီသတ္တဝါလေးဟာ ခု လူတွေခေါ်နေတဲ့ ပုရွက်ဆိတ်လေးဖြစ်တယ်...ညောင်ပင်
စောင့်ရုက္ခစိုးကြီးကတော့ ပုရွက်ဆိတ်လေးယူဆောင်သယ်ပိုးနေတဲ့ ပမာဏာဟာ လူတွေကို ထိခိုက်ပျက်စီးစေခြင်းမရှိလို့ ထပ်ပြီးအရေးမယူတော့ဘဲခွင့်လွှတ်ထားလိုက်
သတဲ့....အဲဒီအချိန်ကစလို့ ပုရွက်ဆိတ်တွေဟာ အစာကိုသယ်ယူပြီး သူတို့နေထိုင်တဲ့ မြေတွင်းထဲမှာ သိုလှောင်သိမ်းဆည်း နေတာကို နေ့တိုင်းမြင်တွေ့ရတာဟာ ခုချိန်ထိ
ပဲပေါ့ကွယ်......
Make a Free Website with Yola.