တစ်ခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ် မင်းကြီးအုပ်ချုပ်နန်းစံနေသတဲ့ကွယ်... မင်းကြီးဟာ အစားအသောက်ကိုအရမ်းခုံမင်နှစ်သက်တယ်...အသီးနှံအသားငါးမျိုး
စုံတို့ကစားတော်ကဲဖြစ်သူကိုနေ့စဉ်ချက်ပြုတ်ခိုင်းပြီးစားသောက်တယ်..ထူးဆန်းရှား ပါးတဲ့သစ်သီးဝလံတွေသားကောင်တွေကိုလည်း မုဆိုးကျော်ကြီးတွေကိုဖမ်းယူခိုင်းပြီး
ချက်ပြုတ်စားသောက်တယ်.... တစ်နေ့မှာတော့ ဗာရာဏသီပြည်ကို သတင်းတစ်ခု ရောက်လာတယ်... “ ဒီနေရာနဲ့ သိပ်မဝေးတဲ့ တောအုပ်ထဲကိုသမင်ပျံတစ်ကောင်
ရောက်နေပြီး အစာရှာစားသောက်နေတယ်ဆိုပါလား ဒီအခါ ဗာရာဏသီမင်းကြီးက စဉ်းစားမိသတဲ့ ... ငါဟာသားငါးမျိုးစံကို စားသောက်ခဲ့ဖူးပြီ အခုသမင်ပျံဆိုတာကို ကြားလည်းမကြားဖူး မြင်လည်းမမြင်ဖူးဘူး...” “အဲဒီသမင်ပျံကိုဖမ်းယူပြီးဟင်းလျာအ
ဖြစ် ချက်ပြုတ်ပြီးစားရရင်ကောင်းမယ်...” ဒါနဲ့ ဘုရင်ကြီးက ရွှေနန်းတော်စာရင်းဝင် မုဆိုးကျော်တစ်ဦးကိုဖမ်းဆီးပေးဖို့ စေခိုင်းတာပေါ့.. မုဆိုးကျော်လည်း ဘုရင့်အမိန့် အတိုင်းတောထဲမှာ သွားပြီးစောင့်နေသတဲ့... ပြီးတော့ သမင်ပျံလာမယ့် နေရာမှာ ကျော့ကွင်းထောင်ထားပြီး သူကတစ်နေရာကပုန်းပြီးစောင့်နေတာပေါ့...သမင်ပျံလေး
ဟာ သူစားနေတဲ့ စားကျက်ရှိရာကိုလာတယ် .. ဒီအခါမုဆိုးထောင်ထားတဲ့ကျော့
ကွင်း မှာမိသွားတယ် ... ဒီအခါသမင်ပျံလေးက ကြောက်လန့်ပြီး အားကုန်ရုန်းကန် ပျံတာပေါ့... ဒီတော့မှ ကျော့ကွင်းလည်း ပြတ်ထွက်သွားပြီးတော့သမင်ပျံလေးလွတ်
သွားတယ်... မုဆိုးလည်းလက်လျှော့ပြီး ပြန်လာခဲ့ရတော့တယ်.... နန်းတော်ကို
ရောက်တော့ မုဆိုးကဘုရင်ကို ပြန်လျှောက်တင်တယ်.... အကျိုးအကြောင်းကိုသိသွား
တော့ဘုရင်ကစိတ်ဆိုးတော့တာပေါ့ ....“ဒီလောက်မိနေတာတောင်မှမဖမ်းနိုင်ဘူး
အသုံးမကျတဲ့မုဆိုး ထောင်သွင်းပြီး အကျဉ်းချထားစေ...” ဒါနဲ့ ဘုရင်ကြီးက နောက်ထပ်မုဆိုးတစ်ယောက်ကိုခေါ်ပြီး သမင်ပျံကိုဖမ်းခိုင်းပြန်တယ် ...မုဆိုးလည်း သမင်ပျံရှိမယ့် စားကျက်ကို ထွက်လာခဲ့တယ်... သမင်ပျံလာတော့မုဆိုးက ချောင်းပြီးမြားနဲ့
ပစ်တယ်... ဒါပေမဲ့ သမင်ပျံက မြားကိုလျင်မြန်စွာရှောင်တိမ်းပြီးလေထဲကိုပျံပြေးသွား တယ်...ဒါနဲ့ ဒုတိယမုဆိုးလည်း လက်လျှော့ပြီး နန်းတော်ကိုပြန်လာခဲ့တော့တယ်... ပြီးတော့သမင်ပျံကိုဖမ်းမရကြောင်း ဘုရင်ကိုတင်လျှောက်ပြန်တယ်... ဒီအခါ ဘုရင် လည်း ဒေါသထွက်ပြီး မုဆိုးကိုထောင်သွင်း အကျဉ်းချစေတယ်...ဒီလိုနဲ့ဗာရာဏသီ
ပြည်မှာ သမင်ပျံကို ဖမ်းဆီးနိုင်မယ့် သူမရှိဖြစ်နေတာပေါ့... ဒါကြောင့် သမင်ပျံကို ဖမ်းဆီးပေးနိုင်သူကို ဆုတော်ငွေတစ်ထောင် ချီးမြှင့်မယ်လို့ မောင်းခတ်ကြေညာစေ
တယ်....ဒီသတင်းကို ဗာရာဏသီမြို့က မြို့စောင့် တပ်မှုးလေးရာဟုကြားသွားတော့ တယ်.... ဒါနဲ့ ဘုရင့် ဆီဝင်ပြီး သမင်ပျံကို ဖမ်းဆီးပေးပါမယ်လို့တင်လျှောက်သတဲ့..ဒီအခါ သူ့ကိုမှုးမတ်တွေက ဝိုင်းရယ်ကြတယ်.... “နာမည်ကျော်မုဆိုးတွေ မဖမ်းနိုင်
တဲ့ သမင်ပျံကို မင်းကသွားဖမ်းမယ်မလုပ်ပါနဲ့ကွာ....” “ဟား ဟား ဟား မဖြစ်နိုင်
တာကို မကြံစည်ပါနဲ့ကွာ..” သူ့ကိုဝိုင်းလှောင်ကြပေမယ့် ရာဟုကစိတ်ဓာတ်မကျဘဲ
သမင်ပျံကျက်စားတဲ့ တောထဲကိုသွားလေ့လာတယ်...မကြာခင်သမင်ပျံရောက်လာ
ပြီးအစာလာစားတယ်... ဒါပေမဲ့ ရာဟုရဲ့ အရိပ်ကိုမြင်လိုက်တာနဲ့ သမင်ပျံဟာ လျင်
မြန်လှတဲ့ အဟုန်နဲ့ မိုးပေါ် ပြန်တတ်သွားတယ်... “ဟာ မြန်လှပါလား ” “အင်း ဒီသ
မင်ပျံဟာ သိပ်ကိုလျင်မြန်ပြီး အင်အားလည်း ကြီးလွန်းတယ် ဒီတော့ ဥာဏ်ကိုသုံးပြီး ဖမ်းရမှာပဲ..”
ဒီနောက် မြို့စောင့်တပ်မှုးလေး ရာဟုဟာ နေအိမ်ကိုပြန်လာပြီး တင်လဲ
ရည်သကာရည်တွေကို ယူတာပေါ့...ပြီးတော့သမင်ပျံစားတဲ့သစ်ရွက်တွေမြက်နုတွေ
မှာ သုတ်လိမ်း ပက်ဖြန်းထားပြီး ... သစ်ပင်ကွယ်တစ်နေရာက တိတ်တိတ်လေး
ချောင်းကြည့်နေတာပေါ့... သိပ်မကြာခင်မှာပဲ သမင်ပျံရောက်လာပြီး မြက်တွေကို စားတယ်...မြက်တွေရဲ့ အရသာကချိုလွန်းတော့သမင်ပျံဟာသဘောကျနေတာပေါ့.
... ဒါနဲ့တင်လဲရည် သကာရည်သုတ်လိမ်းထားတဲ့မြက်တွေကိုပဲ လျှောက်စားသတဲ့ ... “ အင်း ဟုတ်ပြီ ငါထင်ထားတဲ့အတိုင်းပဲ..”ဒီလိုနဲ့မြို့စောင့်တပ်မှုးလေးရာဟုဟာ
နေ့စဉ်နေ့တိုင်း သမင်ပျံစားမယ့် စားကျက်ထဲမှာ တင်လဲရည်တွေကိုလာပြီးလူးပေး
ထားတယ်... ရက်အနည်းငယ်ကြာလာတော့ သမင်ပျံဟာ တင်လဲရည်သကာရည်
လူးထားတဲ့ မြက်တွေကို မစားရမနေနိုင်အောင် စွဲလမ်းသွားတော့သတဲ့ကွယ်... ဒီတော့မှရာဟုဟာမြက်ခင်းပြင်တစ်ခုလုံးကိုသကာရည်တွေဖျန်းထားလိုက်တော့တာ
ပေါ့ ... ပြီးတော့ ခိုင်ခံတဲ့ သံလှောင်အိမ်ကြီးကိုလည်း အသင့်စီမံထားသတဲ့...ဒီလိုနဲ့
သမင်ပျံရောက်လာတဲ့အခါမှာသကာရည်လူးထားတဲ့မြက်ချိုတွေအများကြီးတွေရလို့အားရပါးရစားတာပေါ့.. သမင်ပျံလေးဟာ တဖြည်းဖြည်းနဲ့ ဝမ်းဗိုက်ပြည့်အင့်လာပြီး အဆီယစ် ငိုက်မျဉ်းလာတော့သတဲ့..သမင်ပျံဟာ အရသာရှိတဲ့ မြက်ချိုတွေကိုစားပြီး တရေးအိပ်ဦးမယ်လို့ တွေးပြီး မြက်ခင်းပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်တော့သတဲ့... ဒီအခါ အသင့်စောင့်နေတဲ့ တပ်မှုးလေး ရာဟုက သမင်ပျံအိပ်ပျော်နေတုန်းမှာ အ
လွယ်တကူဖမ်းဆီးပြီး လှောင်အိမ်ထဲထည့်လိုက်တော့တာပေါ့...ဒါနဲ့ သမင်ပျံဟာ အိပ်ယာက နိုးလာတော့ သံလှောင်အိမ်ထဲရောက်နေတာတွေ့ရတယ်...သမင်ပျံဟာ သူ့ရဲ့ခွန်အားတွေကိုသုံးပြီးထွက်ပြေးဖို့ကြိုးစားပေမယ့်မရဘူးပေါ့..နောက်ဆုံးတပ်မှုးလေးရာဟုဟာ သမင်ပျံကိုဖမ်းပြီး ဘုရင်ကြီးဆီ ဆက်သလိုက်သတဲ့...
ဒီအခါဘုရင်ကြီးက သဘောကျပြီး ဆုတော်ငွေ တစ်ထောင်အပြင်ရွှေငွေပတ္တမြားတွေကိုပါပေးသတဲ့.“.အရှင်မင်းကြီးပေးတဲ့ ဆုလာဘ်တွေကို ကျွန်တော်မျိုး လက်မခံလိုပါ..”
“ ယခု ကျွန်တော်မျိုး ဖမ်းလာသောသမင်ပျံကို အရှင်မင်းကြီးကြည့်ပါ..” “ အလွန်သန်မာပြီး လျင်မြန်သော ဒီသမင်ဟာ အစားအစာရဲ့ အရသာကို နှစ်သက်စွဲလမ်းမိတဲ့ အတွက် ကျွန်တော်မျိုးလက်တွင်းကျရောက်ဖမ်းဆီး ခံခဲ့ရပါတယ်...” “အရှင်မင်းကြီးလည်း အခုအဖြစ်အပျက်ကိုကြည့်ပြီးအစားအသောက်ရသာတဏှာကိုနှစ်ခြိုက်မှုလွန်ကဲခြင်းကို ထိန်းသိမ်းတော်မူသင့်ပါတယ်... ” ရာဟုရဲ့ ရဲဝံစွာလျှောက်ထားမှုကြောင့် ဘုရင်
ကြီးလည်း လှောင်အိမ်ထဲကသမင်ပျံကို ကြည့်ပြီး အသိတရားရသွားတော့တာပေါ့... ဒါကြောင့် လမ်းမှန်ကို ညွှန်ပြပေးတဲ့ ရာဟုကို များပြားလှသော ဆုလာဘ်တွေကို ချီး
မြင့်လိုက်တယ်.... ဘုရင်ကြီးဟာ သမင်ပျံကိုလည်း ဘေးမဲ့ပေးလိုက်ပြီး နန်းတွင်းဥ
ယျဉ်ထဲမှာ ကျွေးမွေးစောင့်ရှောက်ထားလိုက်တယ်....အဲဒီအချိန်ကစပြီး ဗာရာဏသီ
ပြည့်ရှင် မင်းကြီးဟာ အစားအသောက်ကို အလွန်အမင်း တပ်မက်တဲ့ စိတ်ကိုထိန်း
သိမ်းနိုင်သွားတော့သတဲ့ကွယ်.....ပြီး.....
Make a Free Website with Yola.