အမေဟောဒီမှာသားအားလုံးချက်ပြုတ်ခဲ့ပြီနော်..ထင်းခုတ်သမားလေးမှာအမေအို အတွက်စိမံလုပ်ကိုင်ပေးခဲ့ပြီး..အမေဆာရင်စားဖို့အဆင်သင့်ပဲနော်..တောထဲကိုထင်း ခုတ်ဖို့ထွက်လာခဲ့တယ်..သားတောထဲကိုထင်းခုတ်ဖို့သွားလိုက်ဦးမယ်..ဒီလိုနဲ့တော
ထဲအရောက်မှာ..ဟင်ရှေ့မှာသမင်လေးတစ်ကောင်လဲနေပါလား..မြှားမှန်ပြီးလဲနေတဲ့
သမင်လေးကိုတွေ့တာနဲ့..အိုသနားဖို့ကောင်းလိုက်တာကွာ..ဘာမှမပူနဲ့မင်းကိုငါကူ
ညီမယ်နော်သမင်လေး..ထင်းခုတ်သမားလေးဟာသမင်လေးကိုမြှားနှုတ်ပေးပြီးနီးစပ်
ရာဆေးရွက်ဆေးပင်တွေနဲ့ဆေးစည်းပေးတယ်..ဟဲဟဲကောင်းသွားပြီးဘာမှမပူနဲ့
ဟေ့..ချွပ်ချွပ်ချွပ်..ထိုစဉ်ခြေသံကြားတာနဲ့သစ်ခုတ်သမားဟာသမင်လေးကိုခြုံကွယ်
မှာဖွက်ထားလိုက်တယ်..မကြာပါဘူးမုဆိုးတစ်ယောက်ရောက်လာတယ်..ဒီနားမှာ
တစ်ကောင်ဖြတ်သွားတာတွေ့မိလား..မတွေ့မိပါဘူးဗျာကျုပ်လည်းအခုလေးတင်
ဒီကိုရောက်တာဗျ..အေးကွာငါပစ်လိုက်တဲ့သမင်လွတ်သွားလို့ကွသူ့ကိုမြှားမှန်
သွားလို့ကွဒီကောင်ဝေးဝေးတော့ပြေးနိုင်မှာမဟုတ်ဘူး..မုဆိုးလည်းစိတ်ပျက်ပျက်
နှင့်တစ်ခြားဘက်သို့သမင်အရှာထွက်သွားတော့သည်...အခုလိုကျွန်တော့်
အသက်ကိုကယ်တင်တာကျေးဇူးတင်ပါတယ်ခင်ဗျာ..သမင်ကလေးမှာသစ်ခုတ်
သမားလေးအားကျေးဇူးတင်လှသဖြင့်..နောင်ကြီးကိုကျေးဇူးဆပ်တဲ့အနေနဲ့
ကျွန်တော့်နောက်ကိုလိုက်ခဲ့ပါခင်ဗျာ..သစ်ခုတ်သမားလေးမှာသမင်လေးခေါ်
ဆောင်ရာသို့လိုက်လာရင်းရေအိုင်ကြီးတစ်ခုသို့အရောက်မှာတော့...ဟာ..
သစ်ခုတ်သမားလေးမှာကိုယ့်မျက်စိကိုကိုယ်မယုံနိုင်အောင်ဖြစ်ရတော့သည်..ကိုယ်
ရောင်ကိုယ်ဝါတောက်ပစွာဖြင့်လုပ်နေကြသည်..နတ်သမီးလးတို့မှာအားရပါ့းရေ
ချိုးနေကြသည်..အိုလှလိုက်တာတစ်သက်တစ်ကိုယ်ဒိလောက်လှတာကိုတစ်ခါမှမတွေ့မတွေ့
...ဗွမ်း..ငေးကြည့်နေရင်းမှထင်းခုတ်သမားလေးမှာအရှိန်လွန်ပြီးရေကန်ထဲသို့ပြုတ်ကျလေရာ..
အိုလူလူဘယ်ကလူပါလိမ့်..ဟယ်..ဟင်...နတ်သမီးလေး
တို့မှာရှက်ရှက်နှင့်သူတို့၏ပုဇဉ်းတောင်ပံဝတ်စုံများကိုဝတ်ဆင်ပြီးမိုးပေါ်ပျံတက်ပြေးကြတော့၏..
အိုလွှတ်လွှတ်ပါဒီဒီမှာကျွန်မ..အသံကြားလို့လှမ်းကြည့်လိုက်မှ
နတ်သမီးတစ်ယောက်၏အင်္ကျိကိုမိမိဖွတ်ထားမှန်းသစ်ခုတ်သမားလေးမှာသတိပြုမိတော့၏..
အိုသွားပါပြီကျွန်မအင်္ကျိရှင့်လက်နဲ့ဖိမိပြီးပျက်ပျက်စီးသွားပြီရှင့်အဟင့်
အဟင့်...တောင်းတောင်းပန်ပါတယ်နတ်သမီးလေးရာမမသိလို့ဖိဖိမိတာပါနော်..ရှင်တောင်းပန်တာက
အရေးမကြီးဘူးရှင့်ဒီအင်္ကျိမရှိရင်ကျွန်မဘယ်လိုမှအိမ်ပြန်လို့
မရတော့ဘူးသိရဲ့လား..ကျွန်တော်တောင်းပန်ပါတယ်ဗျာဟိုဟိုလေနတ်သမီးကလေးတွေကလှလွန်းလို့
ကြည့်ရင်းဒီလိုဖြစ်သွားရတာပေါ့...အိမ်ပြန်လို့မရတဲ့အတူတူတော့ရှင့်အိမ်ပဲလိုက်ရတော့မှာပေါ့...
လိုက်ခဲ့ပါဗျာ ကျွန်တော်နတ်သမီးလေးကိုစိတ်တိုင်းကျပြုစုပါ့မယ်လိုက်သာလိုက်ခဲ့ပါနော်..
သစ်ခုတ်သမားလေးမှာနတ်သမီးလေးအားအိမ်သို့ခေါ်ဆောင်လာခဲ့ပြီးနာက်..
စားနော်နတ်သမီးလေးဘာမှအားမနာနဲ့အဟီး..ဟောဒီမှာရေချိုးဖို့အဆင်သင့်..
ရေချိုးပြီးရင်လိမ်းစရာသနပ်ခါးပါအသင့်သွေးထားတယ်နော်..ကျွိကျွိကျွိ...
ပြီးရင်နတ်ဝတ်တန်ဆာတွေမဟုတ်ပေမယ့်အရောင်စုံအသွေးစုံရိုးရာချည်ထည်
လေးတွေနဲ့ချုပ်ထားတဲ့ဟောဒီအဝတ်လေးကိုဝတ်ဟုတ်လား..ဤသို့ဤနှယ်
လိုလေသေးမရှိအောင်ပြုစုသည့်သစ်ခုတ်သမားလေးအားနတ်သမီးလေးမှာ
နှစ်သက်စုံမက်ကာပေါင်းသင်းမိကြလေတော့သည်...မောင်ကြီးရယ်မောင်ကြီးရဲ့
ပြုစုယုယမှုကောင်းလွန်းလို့ထင်ပါရဲ့နှမတော်အိမ်ကိုတောင်သတိမရတော့ဘူး..
ဒါဖြင့်လည်းမောင်ကြီးနဲ့တစ်သက်လုံးအတူတူနေသွားကြတာပေါ့နှမတော်ရယ်
နော်...သို့ဖြင့်အတူတူပေါင်းသင်းလာကြရာသားနှစ်ယောက်ထွန်းကားခဲ့လေ၏..
အူဝဲ..ထိုစဉ်နတ်မင်းကြီးမှာလူ့ပြည်တွင်ကျန်နေခဲ့သည့်သမီးကိုသတိရလာပြီး..
အင်းငါ့သမီးတစ်ယောက်ဘယ်လိုများဖြစ်နေပါလိမ့်..နတ်မျက်စိဖြင့်ကြည့်လိုက်
ရာထင်းခုတ်သမားနှင့်ပေါင်းသင်း၍သားသမီးတွေရနေသည့်သူ၏သမီးငယ်ကို
တွေ့ရလျှင်..အလိုမိုက်လှတဲ့သမီးထင်းခုတ်သမားနဲ့ကြိုက်ပြီးပျော်နေလိုက်တာများ
သားနှစ်ယောက်တောင်ရလို့ပေါ့လေဟွန်း..မဖြစ်ဘူးမဖြစ်ဘူးဒင်းကိုမရရအောင်
ပြန်ခေါ်မှဖြစ်မယ်..ထို့ပြင်နတ်သမီးလေးနှင့်ထင်းခုတ်သမားလင်မယားတို့ပျော်စံ
ရာအိမ်ဂေဟာအတွင်းသို့ပုဇဉ်းတောင်ပံအကျီိတစ်စုံကျလာလေတော့သည်..
ဟယ်...အလို...ဒါဒါဟာနှမတော်ရဲ့ခမည်းတော်နတ်မင်းကြီးပို့လိုက်တာပဲဖြစ်မယ်  မောင်ကြီးရဲ့..ဖခမည်းတော်ဟာနှမတော်ကိုလွမ်းလို့ပြန်ခဲ့ဖို့မှာလိုက်တာထင်တယ်..နှမတော်နတ်ပြည်က
ဖခင်နဲ့မောင်နှမတွေကိုလွမ်းလို့ပြန်ပါစေနော်မောင်ကြီး..
မောင်ကြီးရောသားနှစ်ယောက်ပါနှမတော်နဲ့အတူလိုက်ခဲ့ပေါ့ဟုတ်လား..မောင်ကြီးလိုက်လို့မဖြစ်ပါဘူး
နှမတော်ရယ်မောင်ကြီးလိုက်ရင်အမေ့ကိုပြုစုမယ့်သူ
မှမရှိတာနှမတော်သားနှစ်ယောက်ကိုခေါ်ပြီးသာသွားပါကွယ်..ထို့နောက်သားနှစ်ယောက်ကိုခေါ်၍
နတ်သမီးလေးမှာမိုးပေါ်သို့ပြန်တက်သွားတော့၏..ထင်းခုတ်
သမားလေးမှာဇနီးဖြစ်သူနတ်သမီးနှင့်သားနှစ်ယောက်ကိုငေးကြည့်ရင်းကျန်နေခဲ့တော့သည်..မြန်မြန်ပြန်
လာခဲ့ကြနော်မောင်ကြီးမျှော်နေမယ်..နတ်သမီးလေးမှာ
သားနှစ်ယောက်နှင့်အတူနတ်တို့နေထိုင်ရာဘုံဗိမ္မာန်သို့ပြန်လည်ရောက်ရှိလာခဲ့ကြသည်..ဟင်
သမီးတော်လေးပြန်ရောက်လာပြီ..ဖခမည်းတော်သမီးတော်ကိုခွင့်လွှတ်ပါနော်..နတ်မင်းကြီးမှာ
သမီးဖြစ်သူအားနှစ်သိမ့်ဖျောင်းဖျပြီးနောက်..ငါ့
သမီးလေးလူပြည်လူ့ရွာမှာပင်ပန်းလှပါတယ်ကွယ်..ဒီမှာပဲသားနှစ်ယောက်နဲ့အတူ
ပျော်ပျော်ရွှင်ရွှင်နေထိုင်ပေတော့...နတ်သမီးလေးမှာခင်ပွန်းသည်သစ်ခုတ်သမား
လေးဟာသတိရသော်လည်းဖခင်အားဖွင့်ဟမပြောရဲသဖြင့်..ငါ့ယောင်္ကျားကို
နောက်မှပဲဖွင့်ပြောပြပြီးပြန်ခေါ်ရတော့မှာပဲ..နတ်သမီးလေးပြန်မလာသဖြင့်သစ်ခုတ်
သမားလေးမှာတမှိုင်မှိုင်ဖြစ်နေရှာသည်..နတ်သမီးလေးငါ့ဆီကိုပြန်လာပါတော့
မလားသူပြန်သွားတာအတော်ကြာလှပြီ..ငါတို့စပြီးတွေ့ခဲ့ကြတဲ့ရေအိုင်ဆီကိုသွား
ကြည့်ဦးမှ..ဒီလိုနဲ့ရေအိုင်ဆီကိုထွက်လာရင်းသူကယ်တင်ခဲ့တဲ့သမင်လေးနဲ့ပြန်
တွေ့တဲ့အခါ..အိုသမင်လေးပါလား..ထင်းခုတ်သမားလေးဟာသမင်လေးကိုအကျိုး
အကြောင်းပြောပြတဲ့အခါမှာတော့..သြော်ဒီလိုလား..နတ်သမီးတွေကအရင်လို
ဒိမှာလာပြီးရေမချိုးကြတော့ဘူးဗျ..မနက်မိုးလင်းတဲ့အခါမိုးပေါ်ကရေပုံးကြီးကျလာ
လာပြီးဒီရေကန်ကရေကိုခပ်တယ်..ဒီတော့ရေပုံးကြီးကျလာတဲ့အခါပုံးထဲကိုဝင်ပြီး
လိုက်သွားရင်မိတ်ဆွေနတ်ပြည်ကိုရောက်သွားလိမ့်မယ်..သစ်ခုတ်သမားဟာသမင်
လေးပြောတဲ့အတိုင်းရေပုံးကြီးကျအလာကိုစောင့်ကြည့်နေတယ်..
မနက်မိုးလင်းတာနဲ့ရေပုံးကြီးကျလာတာလည်းမြင်ရော..အမြန်ပြေးပြီးတက်မှ..ရေ
ပုံးကြီးပြန်ဆွဲတင်တဲ့အခါမှာတော့ထင်းခုတ်သမားဟာရေပုံးနဲ့အတူနတ်ပြည်ကိုပါ
သွားတော့တယ်..နတ်ပြည်လည်းရောက်ရော..ဟင်မောင်ကြီး..ဟင်ဖေဖေကြီး..
ဖေကြီး...ထင်းခုတ်သမားလေးဟာနတ်ပြည်မှာမိသားစုတွေနဲ့အတူတူနေရင်း
ပျော် ရွှင်နေတော့တာပေါ့..ဖေကြီးနတ်ပြည်ကမုန့်တွေကအရမ်းစားလို့ကောင်းတယ်
ဖေကြီးရ..ကောင်းတာပေါ့သားရယ်နတ်ပြည်ကချမ်းသာတာကိုး..ထင်းခုတ်သမားလေးဟာအနေကြာ
လာပြန်တော့လူ့ပြည်ကအမေအိုကြိးကိုသတိရလာပြန်ရော၊အမေ ဘယ်လိုများနေပါလိမ့်..နှမတော်ရယ်မောင်ကြီးအမေ့ကိုသတိရလိုက်တာအမေ
တစ်ယောက်တည်းဘယ်လိုများနေထိုင်စားသောက်နေမလဲဆိုတာစိတ်ပူမိတယ်..မောင်ကြီးအမေ့ကိုပြန်ပြီး
ကြည့်ချင်တယ်နှမရယ်..ဒါဆိုဟောဒီမြင်းဖြူကြီးကိုစီးပြီး
ပြန်လေသိပ်တော့မကြာစေနဲ့နော်..အေးပါကွာ...ဒီလိုနဲ့ထင်းခုတ်မားလေးဟာမြင်းဖြူကြီးစီးပြီး
အမေအိုကြီးရှိရာကိုပြန်လာခဲ့တယ်..ဟယ်ငါ့သားလေးပြန်လာပြီသား
ရယ်အမေ့ကိုထားခဲ့ပြီးဘယ်ကိုသွားနေတာလဲသားရယ်..သားအမေ့ချွေးမကိုလွမ်းလို့သူတို့နေတဲ့တိုင်းပြည်
ကိုလိုက်သွားတာအမေရ..အလိုတော်ငါ့သားနတ်ပြည်က
ပြန်လာတာပေါ့ဟုတ်လား..ဟုတ်တယ်အမေ့သမီးနဲ့အမေ့မြေးတွေတော့နတ်ပြည်မှာပျော်လို့မော်လို့
အမေရ..အေးပေါ့လေနတ်ပြည်ဆိုတော့လည်းပျော်ကြမှာပေါ့ဒါနဲ့အောက်ကိုဆင်းပါအုံးသားရယ်
ငါ့မြေးတွေအကြောင်းအားရပါးရရယ်မောစမ်းပါရစေ၊
သားဆင်းလို့မရဘူးအမေရအောက်ကိုဆင်းပြီးရင်အပေါ်ကိုပြန်တက်လို့မရတော့ဘူး၊
သြော်သားရယ်ဒါဆိုသားကအမေ့ကိုခဏလာကြည့်ပြီးပြန်မှာပေါ့ဟုတ်လား..
စိတ်မကောင်းမဖြစ်ပါနဲ့အမေရယ်သားပြန်မလာရင်အမေ့မြေးတွေကမျှော်နေကြမှာ..
အေးလေဒါဖြင့်လည်းအမေချက်တဲ့ဟင်းလေးတစ်ခွက်ကိုစားပြီးမှပြန်ပါသားရယ်
အမေသွားယူလိုက်မယ်နော်သား..အမေအိုဟာဟင်းကိုကဗျာကယာခပ်ပြီးသားဖြစ်
သူကိုလှမ်းပေးတယ်..စားနော်သားနတ်ပြည်ကလောက်မကောင်းပေမယ့်..အမေ့
မေတ္တာနဲ့ချက်ထားတဲ့ဟင်းမို့သားစားလို့ကောင်းမှာပါကွယ်နော်..သြော်အမေရယ်
သားတစ်သက်လုံးအမေချက်ကျွေးတာစားလာတဲ့သူပါအမေချက်တဲ့ဟင်းကနတ်
သုဒ္ဒါနဲ့မလဲနိုင်ပါဘူးအမေရာ..သစ်ခုတ်သမားလေးဟာမိခင်ဖြစ်သူချက်ပြုတ်ထား
တဲ့ဟင်းကိုမြင်းပေါ်ကနေအားပါးရစားတော့တာပေါ့...ရှလွတ်ရွှတ်ရှလွှတ်..ဒီအချိန်
မှာပန်းကန်ထဲကဟင်းရည်ပူပူတွေဟာမြင်းဖြူကြီးရဲ့ကျောပေါ်ကိုပြုတ်ကျပါလေရော၊
အားပူတယ်..မြင်းဖြူကြီးဟာတစ်ခါတည်းလန့်ပြီးခုန်လိုက်တဲ့အခါထင်းခုတ်သမား
လေးဟာမြင်းပေါ်ကနေပြုတ်ကျသွားတော့တာပေါ့..အမေ့..မြင်းဖြူကြီးဟာ
တစ်ခါတည်းလန့်ပြီးခုန်လိုက်တဲ့အခါထင်းခုတ်သမားလေးဟာမြင်းပေါ်ကနေပြုတ်
ကျသွားတော့တာပေါ့..မြင်းဖြူကြီးဟာတစ်ခါတည်းလန့်ပြီးမိုးပေါ်ကိုပျံတက်ပြေး
သွားတော့တယ်..အီးဟီဟီး..ထင်းခုတ်သမားလေးဟာမြင်းပေါ်ကနေပြုတျကျန်ခဲ့
ပြီးနောက်..ငါငါတော့ငါ့မိန်းမနတ်သမီးဆီပြန်သွားလို့မရတော့ဘူး..အီးဟီးရွှတ်..
သို့ဖြင့်သစ်ခုတ်သမားလေးမှာသူ့မိန်းမနှင့်ကလေးနှစ်ယောက်အားလွမ်းးသည့်စိတ်
ဖြင့်နေ့တိုင်းလိုလိုမိုးပေါ်ကိုမော့ကြည့်ရင်းငိုကြွေးနေမိတာ့သည်..နတ်သမီးလေးရယ်မောင်ကြီးမင်းတို့ကို
လွမ်းတဲ့စိတ်နဲ့သေရပါတော့မယ်...ရက်ပေါင်းများစွာလွမ်းသည့်စိတ်ဖြင့်မစားမသောက်နေရာမှသစ်ခုတ်
မားလေးမှာကွယ်လွန်သွားတော့
သည်..ကွယ်လွန်ပြီးနောက်သစ်ခုတ်သမားလေးမှာကြက်ဖကြီးအဖြစ်နှင့်အမေအို၏အိမ်ခေါင်မိုးပေါ်မှ
သားနှင့်မိန်းမကိုလွမ်းဆွတ်၍တွန်ကျူးနေလေ၏...အောက်အီး
အီးအီးအွတ်...သစ်ခုတ်သမားလေးဟာလှပတဲ့အမွေးအတောင်တွေနဲ့ကြက်ဖကြီးဖြစ်သွားတဲ့နောက်
မှာတော့ကြက်ဖကြီရဲ့တွန်ကျူးသံဟာသူ့မိန်းမရဲ့ကလေးတွေကို
လွမ်းပြီးအော်ဟစ်နေတာကိုတော့ဘယ်သူမှသိကြမယ်မထင်ဘူးပေါ့ကွယ်။
Make a Free Website with Yola.