တစ်ခါ တုန်းက တိုင်းပြည်တစ်ခုမှာပေါ့ ဘုရင့်သမီးတော်လေးတစ်ပါးရှိသတဲ့ .... တစ်နေ့တော့သူဟာ ရေချိုးဖို့ မြစ်ဆိပ်ကိုဆင်းလာခဲ့တော့တယ် ...အဲဒီအချိန်မှာ ရွှေငါးကြီးတစ်ကောင်ကို တံငါသည်တစ်ဦးက ဖမ်းလာတာမြင်လိုက်ရလေသတဲ့.... “ရွှေငါးကြီးကိုသနားလိုက်တာ” ဒါနဲ့ ရံရွှေတော်တွေကတစ်ဆင့် ငါးကိုပြန်ဝယ်ပြီး မြစ်ထဲ လွှတ်ပေးလိုက်တော့တယ်..... ဒီအခါရွှေငါးကြီးဟာ ရေထဲရောက်တာနဲ့ ကျေးဇူးတင်တဲ့အနေနဲ့မင်းသမီးရဲ့အနားမှာလှည့်ပတ်ပြီးမှရေထဲကိုငုပ်သွားရှာသတဲ့.. .. အဲဒီနောက်တစ်နေ့မှာ မင်းသမီးလေးဟာ မြစ်ဆိပ်ကိုရေချိုးဖို့ရောက်လာ
ပြန်တာပေါ့.... မင်းသမီးလေးတစ်ယောက်ထဲရှိနေတုန်း ကျောက်ဆောင်တေကြားထဲ
ကနေ ရွှေငါးလေးဟာမြင်တွေ့သွားတော့သတဲ့ .....“ခုနေ လူယောင်ဆောင်မှပဲ..” ဒါနဲ့ရွှေငါးလေးဟာ လူမင်းသားလေးတစ်ပါး အယောင်ဆောင်လိုက်တယ်..ပြီးတော့
မင်းသမီးလေးကိုသွားတွေ့သတဲ့.... ”ရော့ ပုလဲလုံးလေးတွေ နှမတော်အတွက်
လက်ဆောင် ” အဲဒီချိန်မှာ မင်းသမီးလေးရဲ့ ရံရွေတော်တွေ အသံကြားတော့မင်း
သား လေးဟာ ကျောက်ဆောင်တွေကြားထဲကို ချက်ချင်းဝင်ရောက်ပြီး ပျောက်ကွယ်
သွားတော့တယ်.... “နောက်နေ့မှ လာမယ်နော်” ဒါနဲ့ နောက်နေ့မှာသူတို့ဟာတွေ့
ကြပြန်တာပေါ့...“အသင်မင်းသားက ဘယ်အရပ်ကနေလာတာလဲဟင်” အဲဒီအခါမှာ မင်းသားလေးဟာ ဘာမှပြန်မပြောဘဲ လှည့်ပြန်သွားတော့တယ်.....နောက်တစ်နေ့
မှာမင်းသမီးလေးဟာမင်းသားလေးရဲ့အကြောင်းကိုသိချင်လို့ကျောက်ဆောင်နားမှာ
ပုန်းပြီး စောင့်နေလိုက်တယ်..... ခဏနေတော့ ရေထဲကနေရွှေငါးတစ်ကောင်ဟာ ကုန်းပေါ်တက်လာတာကို တွေ့လိုက်ရသတဲ့....အဲဒီရွှေငါးဟာကုန်းပေါ်ရောက်တာနဲ့
လူဖြစ်သွားတော့တာပေါ့.....“လက်စသတ်တော့ ဒီငါးမင်းသားဟာ ငါကယ်ခဲ့ဖူးတဲ့ 
 တွေ့လိုက်ရတော့ သူ့အဖြစ်မှန်ကိုသိသွားမှန်း ရိပ်မိသွားလေတယ်...... “မင်းသမီး ကျွနုပ်ဟာ ရေအောက်နန်းတော်က ရွှေငါးမင်းသားတစ်ပါးဖြစ်ပါတယ် ” အဲဒီနောက် ကြာလာတဲ့အချိန်မှာ သူတို့ဟာ ချစ်သူတွေဖြစ်သွားကြတော့ သတဲ့ .....“မောင်တော် နှမတော်ကိုတကယ်ချစ်မြတ်နိုးတယ်ဆိုရင်တောင်းရမ်းပြီးလက်ထပ်ပြီးယူပါ
တော့နော်” “ အင်း မောင်တော်တို့ရဲ့ သခင်ဖြစ်တဲ့ ရေအောက်နတ်သမီးဆီမှာ ခွင့်တောင်းကြည့်ပါဦးမယ်ကွယ် ” “ကဲ သွားလိုက်ဦးမယ် နှမတော်” ရွှေငါးမင်းသားလေး
ဟာ ရေနတ်သမီးဆီရောက်တော့ အကျိုးအကြောင်းပြောပြီး လက်ထပ်ခွင့်တောင်းလေတယ်...... “သင် လူနဲ့လက်ထပ်ဖို့ မဖြစ်နိုင်ဘူး ဒီတော့ လက်မထပ်ပါနဲ့...”
“ကျွန်တော်ရဲ့ချစ်သူလူသားမင်းသမီးလေးနဲ့ပဲလက်ထပ်ပါရစေကဲတားမရလဲဒါဆိုရင်ဒီနေ့ကစပြီး ပင်လယ်ရေနဲ့ မင်းရဲ့ခန္ဓာကိုယ်လုံးဝမထိစေရဘူး..”“ထိတာနဲ့ငါးပြန်ဖြစ်စေရမယ်..” “ငါးပြန်ဖြစ်သွားရင်လဲ လူတွေရဲ့တိုင်းပြည်ကို ဘယ်တော့မှမသွားပါဘူး
လို့ ကျိန်ဆိုရလိမ့်မယ်” “ကောင်းပါပြီ သခင်မ ကတိပေးပါတယ်..”“နှမတော်လေးဆီ
သွားမှပဲ ” “လူအသွင်ပြောင်းပြီး နန်းတော်ကိုလိုက်သွားရမယ်” မင်းသားလေးဟာ မင်းသမီးလေးရဲ့ဖခင် ဘုရင်ကြီးဆီမှာ မင်းသမီးလေးနဲ့ လက်ထပ်ခွင့်တောင်းသတဲ့..” “အိမ်း မောင်မင်းဟာ ရွှေငါးဘဝကနေ လူဖြစ်လာတာဆိုတော့..” “ဘယ်လို တန်ခိုး
သတ္တိနဲ့ ပညာတွေရှိပါသလဲကွယ်..” “ကျွန်တော် မျိုးဟာ မိုးလေဝသအကြောင်းနဲ့ ရာသီဥတုတွေကို ကောင်းကောင်းသိပါတယ် မင်းကြီး..” “နောက်ခုနှစ်ရက်မှာ မိုးတွေ
ရွာပြီး ရေကြီးပါလိမ့်မယ်..” “ဒါကြောင့် မြစ်ကမ်းမှာ တမံများ တုပ်ထားသင့်ကြောင်း လျှောက်တင်ပါတယ်ဘုရား..”“ဟေ”“ဟေအမှုထမ်းတွေခုချက်ချင်းတမံတုပ်ကြစမ်း.”
“မှန်ပါမင်းကြီး..” ဒီလိုနဲ့ ခုနှစ်ရက်မြောက်တဲ့နေ့မှာ ရွှေငါးမင်းသားလေး ပြောတဲ့အ
တိုင်း ရေတွေကြီးလာတော့တယ်.... ဒါပေမဲ့တမံတွေတုပ်ထားလို့စိတ်ချသွားရသတဲ့.
.... “ အခြေအနေ ဘယ်လိုရှိလဲဟေ့..” “ မှန်ပါ တာတမံများ ကြိုတင်ပြီးတုပ်ထားတဲ့အတွက် စိုးရိမ်စရာမလိုတော့ပါမင်းကြီး...” ဒီတော့မင်းကြီးဟာ အလွန်သဘောကျသွားတာပေါ့ ...“တယ်ဟုတ်ပါလား” “ကဲမောင်မင်းကို သမီးတော်နဲ့ လက်ထပ်ပေးဖို့
သဘောတူခွင့်ပြုတော်မူတယ်ဗျား..”ဒီလိုနဲ့လက်ထပ်ပွဲကျင်းပဖို့ပြင်ဆင်နေကြတော့တယ်....“ ဘုရင်မင်းမြတ် ဘုရင်မင်းမြတ်” ပင်လယ်ဘက်မှာရန်သူရေတပ်ကြီးတွေ
တိုက်ခိုက်ဖို့လာနေတယ်လို့ သတင်းရပါတယ်မင်းကြီး..”“ဟင်းဟင်းမှုစရာမလိုပါဘူး မင်းသားလေးရှိနေတာပဲ..” “မောင်မင်းဦးဆောင်ပြီး ရေကြောင်းကနေ ပြန်လည်ခုခံ
တိုက်ခိုက်ပေတော့..” “အရှင်မင်းကြီး ကျွန်တော်မျိုးအနေနဲ့ ပင်လယ်ပြင်ကိုထွက်ပြီး မတိုက်ခိုက်လိုကြောင်းပါ..”ဘုရင်ကြီးဟာမင်းသားရဲ့အခက်အခဲကိုမသိဘူးပေါ့လေ..
“စစ်ထွက်မတိုက်တာဟာ သတ္တိမရှိလို့ပဲဖြစ်ရမယ်..” “ဒီလို သတ္တိမရှိတဲ့သူနဲ့ငါ့သမီး ကိုမပေးစားနိုင်တော့ဘူး” “ဒီလို မဟုတ်ရပါဘူးမင်းကြီး” မင်းသားလေးဟာသူရေနတ်
သမီးဆီမှာ ကျိန်ဆိုထားတဲ့ ကျိန်စာအကြောင်း လျှောက်တင်လိုက်သတဲ့...ဒါပေမဲ့ မင်းသားလေးရဲ့စကားကိုဘုရင်ကြီးကမယုံကြည်သလို မင်းသမီးလေးကလဲ လက်မခံ
ဘူးလေ.... “ဘာမှ ဆင်ခြေပေးမနေနဲ့” “ဟွန်းကြောက်ရင် ကြောက်တယ်ပေါ့..” “သူက ငါတမင်လုပ်ကြံ ပြီးရှောင်နေတာလို့ အထင်လွဲနေပါလား..” “ သြော် စိတ်မကောင်းစရာပဲ နှမတော်ကပါ အထင်လွဲနေတော့ခက်တယ်..” “ရန်သူတွေကလဲ အင်
အားများတယ် ဟူးဘယ်လိုမှ နိုင်ဖို့မမြင်ဘူး ...”မတတ်သာတဲ့ အဆုံး မင်းသားလေး
ဟာ ပုလဲလုံးလေးတွေကို သီကုံးလိုက်တယ်.... ပြီးတော့ မင်းသမီးလေးဆီကိုထွက်
လာခဲ့တော့သတဲ့...“ကဲ မောင်တော် ရန်သူတွေကို တိုက်ခိုက်ပေးပါ့မယ်..” မင်းသား
လေးဟာ မင်းသမီးလေးရဲ့လည်မှာ ပုလဲပုတီးလေးကိုဆွဲပေးလိုက်ရှာတယ်... “အို ဝမ်းသာလိုက်တာ အဟင်း ဟင်း..”မင်းသမီးလေးဟာ သူရဲ့ခမည်းတော်ဘုရင်ကြီးကို
လျှောက်တင်လိုက်တော့တာပေါ့.... အဲဒီနောက် မင်းသားလေးဟာ ဦးစီးသေနာပတိ
အဖြစ်နဲ့ရန်သူတွေကို တိုက်ခိုက်ဖို့ထွက်သွားလေသတဲ့...ပင်လယ်ပြင်ရောက်တော့ နှစ်ဘက်လှေတပ်တွေဟာ တိုက်ခိုက်ကြတာပေါ့... ဒီအခါ ရန်သူ့ဘက်ကလှေတွေ
ဟာ နစ်မြုပ်ကုန်တယ် .... မင်းသားလေးဟာ အလွန်မာကျောတဲ့သံလှေဦးတပ်ထားတဲ့ လှေကြီးပေါ်ကနေ စီစဉ်ကွပ်ကဲနေသတဲ့.... မင်းသားလေးတို့ဘက်ကအသာစီးနဲ့
တိုက်ခိုက်နေကြရတယ်...ဒါပေမယ့်ရန်သူခေါင်းဆောင်ဦးစီးတဲ့လှေကြီးဟာအရမ်းခိုင်
ခံ့ မာကျောလွန်းလို့ ဘယ်လိုလက်နတ်နဲ့မှဖျက်ဆီးလို့မရဘူး ဖြစ်နေကြတော့သတဲ့
..ရန်သူလှေကြီးဟာမင်းသားလေးတို့ရဲ့လှေတွေကတစ်စီးပြီးတစ်စီးဦးနဲ့ထိုးတိုက်ပြီး
နစ်မြုပ်ပစ်နေလေတယ် .... “ အရှင်မင်းသား အကျအဆုံးများနေပါပြီ..” “အင်းလုပ်စ
ရာတစ်ခုပဲရှိတော့တယ်...” “ ဟေ့ တို့ရဲ့လှေကြီးကို အားကုန်လှော်ခတ်ကြစမ်း” “ရန်သူ ခေါင်းဆောင် စီးလာတဲ့လှေကြီးနဲ့ စီးချင်းထိုးပြီး ဝင်တိုက်ကြမယ်ဟေ့..” ဒီအခါ အလွန်မာကျောတဲ့လှေနှစ်စီးတိုက်မိတဲ့အသဟာပင်လယ်ပြင်မှာကျယ်လောင်
စွာထွက်ပေါ်လာပြီးတော့လှေနှစ်စီးလုံးဟာလည်းကျောက်တုံးနှစ်လုံးထိမိသလိုကွဲ
ကြေ လွင့်စင်ကျသွားတော့သတဲ့... မင်းသားလေးဟာ ပင်လယ်ရေထဲကို ပြုတ်ကျ
သွားရရှာတယ်... ပင်လယ်ရေနဲ့ထိလိုက်တယ်ဆိုရင်ပဲ မင်းသားလေးဟာ ရေနတ်သ
မီးဆီမှာ ကျိန်ဆိုထားတဲ့ အတိုင်း ရွှေငါးကြီးဘဝကို ပြန်ရောက်သွားတော့သတဲ့... ဒီအချိန်မှာ ရန်သူဘက်ကခေါင်းဆောင်ရဲ့ လှေကြီး ပျက်စီးသွားလို့တပ်ပျက်ပြီး ပြန်ဆုတ်ပြေးသွားကြရရှာတယ်....ရွှေငါးကြီးဟာလည်းသူ့ရဲ့ကတိအတိုင်း ရေအောက်နန်းတော်ကို ပြန်သွားရတာပေါ့.... ဘုရင်ကြီးနဲ့ မင်းသမီးလေးတို့ဟာရွှေငါး
မင်းသားလေးရဲ့ အကြောင်းကို မသိရှာဘူး....ဒါနဲ့တိုက်ပွဲနိုင်လာတဲ့လူတွေကိုထွက်ကြိုရင်းမင်းသားလေးပြန်အလာကိုစောင့်နေကြပေမယ့်အချိန်အတော်ကြာတဲ့အ
ထိ ရွှေငါးမင်းသားလေးကိုမတွေ့ရဘူးဖြစ်နေတော့သတဲ့...“ဟဲ့စစ်သည်တော်တို့ငါ့ရဲ့မောင်တော်မင်းသားလေးရော...”“မှန်ပါအရှင်မင်းသားလေးဟာရန်သူတွေကို
တိုက်ရင်းရေထဲပြုတ်ကျပြီး ရွှေငါးကြီးဖြစ်သွားတာကိုမြင်ခဲ့ရပါတယ် ဖုရာ့....“အိုခုလိုဖြစ်ရတာငါ့ကြောင့်ပဲ... ” “ငါ့ကြောင့် မောင်တော်ဟာ ရွှေငါးဘဝကိုပြန်ရောက် သွားရှာပါလား..” “နှမတော် ယူကြုံးမရဖြစ်နေရပါပြီ မောင်တော်ရယ်..” အဲဒီနောက် မင်းသမီးလေးဟာရွှေငါးမင်းသားလေး လာနေကျကမ်းနံဘေးကကျောက်ဆောင်
လေးပေါ်မှာ ပုလဲပုတီးလေးဆွဲပြီး နေ့တိုင်းသွားစောင့်နေရှာတယ်.....ဒါပေမဲ့ ရွှေငါးမင်းသားလေးကို ဘယ်တော့မှ မတွေ့ရတော့ဘူးတဲ့ကွယ်.
Make a Free Website with Yola.