တစ်ခါကတိုင်းပြည်တစ်ပြည်ရှိလေတယ်...အဲဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘုရင်ကြီး
ဆီမှာချောမောလှပတဲ့သမီးတော်လေးတစ်ပါးရှိသတဲ့..ဘုရင့်သမိးတော်လေးရဲ့
နာမည်ကမာလာစန္ဒီလို့ခေါ်တာပေါ့..မင်းသမီးလေးမာလာစန္ဒီဟာနာမည်နဲ့
လိုက်အောင်ပန်းပွင့်ပန်းပင်တွေကိုသဘောကျနှစ်သက်တာကြောင့်ဘုရင်ကြီးက
ပန်းမျိုးစုံဖူးပွင့်ဝေဆာစေတဲ့ပန်းဥယျာဉ်ကြီးတစ်ခုကိုတည်ဆောက်ပေးပြီး
ကျွမ်းကျင်တဲ့ဥယျာဉ်မှူးတွေကိုခန့်အပ်ထားစေတယ်လေ..မင်းသမီးလေးကလည်း
သူ့ရဲ့ပန်းဥယျာဉ်ကြီးကိုအရမ်းနှစ်သက်ပြီးတော့သဘောကျနေရှာသတဲ့..
ဒီလိုနဲ့တစ်နေ့မှာပန်းဥယျာဉ်ကြီးထဲကရှိသမျှပန်းပွင့်တွေအားလုံးဟာမတွေ့ရတော့
ဘဲပျောက်ဆုံးနေတော့တယ်..ဥယျာဉ်ကတရားခံကိုမရှာနိုင်ခင်မှာမင်းသမီးကသိ
ိသွားသတဲ့..“တော်တော်တာဝန်ပေါ့လျော့တဲ့ဥယျာဉ်မှူး .... တောက်...”
ဒါနဲ့မင်းသမီးလေးကဥယျာဉ်မှူးကိုထောင်သွင်းအကျဉ်းချထားလိုက်တယ်
်..ပြီးတော့နောက်ထပ်ဥယျာဉ်မှူးအသစ်ထပ်ခန့်ထားသတဲ့...ဒါပေမယ့် နောက်
ဥယျာဉ်မှူးတွေလက်ထက်မှာလည်းပန်းပွင့်တွေကပျောက်မြဲဆက်ပျောက်နေတော့
တယ်..မင်းသမီးလေးကလည်းစိတ်ဆိုးပြီးတစ်ယောက်ပြီးတစ်ယောက် အကျဉ်း
ချထားနေတော ပြန်တာပေါ့..
ဒီလိုနဲ့ဥယျာဉ်မှူးတွေခန့်လိုက်အကျဉ်းချလိုက်နဲ့နောက်ဆုံးမှာတော့
မင်းသမီးလေးရဲ့
ဥယျာဉ်ကိုဘယ်ဥယျာဉ်မှူးကမှတာဝန်မယူရဲအောင်ဖြစ်နေသတဲ့
..အဲဒီသတင်းဟာတိုင်းပြည်မှာပျံနှံသွားလေတယ်..အဲဒီသတင်းဟာနန်းတွင်းမှာရှိတဲ့
စစ်သူကြီးရဲ့သားနန္ဒသူရဆီကိုရောက်သွားသတဲ့..နန္ဒသူရဟာထူးဆန်းတဲ့အဖြစ်
ကိုစုံစမ်းချင်နေတယ်..ဒါကြောင့်ဖခင်ဖြစ်တဲ့စစ်သူကြီးဆီခွင့်ပန်တာပေါ့။..ကောင်းပြီခွင့်ပြုပါတယ်
သားမောင်..ဒိလိုနဲ့နန္ဒသူရဟာဥယျာဉ်မှူးအလုပ်
ကိုသွားလုပ်တော့သတဲ့...မင်းသမီးလေးကတော့သူ့ကိုစစ်သူကြီးရဲ့သားဖြစ်မှန်း
မသိဘူးဖြစ်နေတယ်..တာဝန်မကျေရင်တော့သေဒဏ်ပဲနော်..မှန်ပါ..တာဝန်ကျေစေရပါ့မယ်အရှင့်ကို
ကတိပေးဝံ့ပါတယ်...အဲဒီနောက်ညဘက်အချိန်ကိုရောက်
လာသတဲ့..နန္ဒသူရဟာညမအိပ်ဘဲနဲ့ဥယျာဉ်တော်ကိုစောင့်ကြပ်နေလေတယ်..
သူ့ရဲ့လက်စွဲတောလေးနဲ့မြားကိုအသင့်ပြင်ထားသတဲ့..ဒီလိုနဲ့ညသန်းခေါင်ကျော်တဲ့
အချိန်မှာလေပြင်းတွေတိုက်ခတ်လာပြီးနောက်ရုတ်တရက်ငြိမ်သက်သွားလေတယ်..နန္ဒသူရရဲ့ရှေ့က
ပန်းပွင့်တွေဟာစတင်ပြီးပျောက်ကွယ်သွားတော့တယ်ပေါ့..
အို..နန္ဒသူရဟာအံ့သြသွားပြီးသေသေချာချာကြည့်လိုက်သတဲ့..မြင်းပျံအနက်ကြိးကပန်းပွင့်တွေကို
စားနေတာပါလား..နန္ဒသူရဟာတိရိစ္ဆာန်တွေကိုသနားကြင်နာတဲ့
စိတ်ရှိလေတယ်..ဒါကြောင့်မြင်းပျံကြိးကိုမြားနဲ့မပစ်ဘဲကျော့ကွင်းနဲ့ပစ်ဖမ်းလိုက်သတဲ့..မြင်းပျံကြီးဟာ
နန္ဒသူရရဲ့ကျော့ကွင်းမှာမိသွားတော့တာပေါ့..ကျွန်တော့်ကိုမသတ်ပါနဲ့ဗျာပြန်လွှတ်ပေးပါတောင်းပန်ပါ
ရစေ..အိုးဘယ်ဖြစ်မလဲသင့်ကိုလွှတ်ပေးရင်
ဘုရင့်သမီးတော်ကငါ့ကိုသတ်လိမ့်မယ်...အဲဒါမှဒုက္ခပဲ..ပန်းပွင့်တွေပျောက်စေတဲ့ တရားခံကိုတော့ဖမ်းပြီးပြရမှာပဲ..ကျုပ်ဟာအလင်းရောင်နဲ့မတဲ့ပါဘူး..အလင်းရောင်
ထိတာနဲ့သေရမယ့်သူပါဗျာ..မင်းကိုလွှတ်ပေးချင်ပါတယ်ဒါပေမယ့်ပန်းပွင့်တွေ
ပျောက်နေတာတွေ့ရင်ငါဘယ်လိုဖြေရှင်းရမလဲ..ကဲကျုပ်ရဲ့ကိုယ်ပေါ်ကိုတက်စီးပြီး
လိုက်ခဲ့ပေတော့..သင့်ကိုလည်းအဆင်ပြေအောင်ကျုပ်ပြန်ပြီးကူညီပါ့မယ်..ဒီလိုနဲ့
နန္ဒသူရလည်းလိုက်ပါသွားတော့တယ်..တော်တော်ထူးဆန်းတဲ့မြင်းပျံကြီးပဲ..သူတို့
ဟာမြင့်မားတဲ့ကျောက်တောင်ကြီးတစ်ခုပေါ်ကကျောက်စိမ်းဂူထဲကိုရောက်လာ
ကြတော့သတဲ့..ဂူထဲကကလပ်ပေါ်မှာဆေးပုလင်းလေးတင်ထားတာကိုနန္ဒသူရ
တွေ့လိုက်ရတယ်..အသင်လူသားအဲဒီဆေးပုလင်းထဲကဆေးတစ်လုံးယူသောက်
လိုက်ပါ..နန္ဒသူရကမြင်းပျံကြီးပြောတဲ့အတိုင်းဆေးတစ်လုံးကိုယူပြီးသောက်လိုက်
တော့သတဲ့..ခုအချိန်ကစပြီးသင့်လက်နဲ့ထိတွေ့သမျှသစ်ပင်ပန်းပင်တွေဟာ
ချက်ချင်းသီးပွင့်စေရလိမ့်မယ်..ကဲသွားကြစို့အချိန်တောင်အတော်လင့်လှပြီ..
မြင်းပျံကြီးကနန္ဒသူရကိုအရုဏ်မတက်ခင်ဥယျာဉ်ကိုအမြန်ပြန်ပို့ပြီးပြန်သွားတော့တယ်
မိုးလင်းတဲ့အခါမင်းသမိးလေးကဥယျာဉ်တော်ဘက်ကိုထွက်ခဲ့သတဲ့..ဟင်ပန်းပွင့်
တွေပျောက်နေပြန်ပြီတောက်...ပန်းပွင့်တွေမရှိတော့မင်းသမီးလေးစိတ်ဆိုး
သွားတယ်..ဒီဥယျာဉ်မှူးကိုလည်းဖမ်းချုပ်ထားရမယ်....ခဏသီးခံတော်မူပါအရှင့်
သမီး..နန္ဒသူရဟာပန်းပင်တွေကိုသူ့လက်နဲ့ထိတို့လိုက်သတဲ့..ဒီအခါပန်းတွေဟာ
ချက်ချင်းပွင့်လာကြတော့တယ်..မင်းသမီးလေးလည်းအံ့သြပြီးသဘောကျသွားသတဲ့..ဒီလိုဖြစ်ရတဲ့
အဖြစ်မှန်တွေကိုတင်လျှောက်စမ်းပါဥိးဥယျာဉ်မှူးလေး...မှန်ပါဒိအကြောင်းတွေကိုဥယျာဉ်တော်
အတွင်းမှာမလျှောက်တင်ချင်ပါဘူး..ဘုရင်
မင်းမြတ်ရဲ့ရှေ့တော်မှောက်မှာသာလျှောက်တင်ဖို့သင့်ပါတယ်အရှင်မင်းသမီး...ကိုင်းဒါဆိုခမည်းတော်
ဆိအခစားဝင်ကြရအောင်ကျွန်ုပ်ရဲ့နောက်တော်ပါးကလိုက်ခဲ့
ပေတော့အမောင်ဥယျာဉ်မှူးလေး..ကောင်းပါပြိ..အဲဒိနောက်သူတို့ဟာဘုရင်ကြီးရဲ့ရှေ့တော်ကိုအခစား
ဝင်ဖို့ရောက်သွားကြလေတယ်..ကျွန်တော်မျိုးဟာအရှင်
မင်းကြီးရဲ့နန်းတွင်းကစစ်သူကြီးဗလမင်းထင်ရဲ့သားဖြစ်ပါတယ်..ဟေဟုတ်သလားကွယ့်နန္ဒသူရက
မင်းသမီးရဲ့ဥယျာဉ်တော်ကထူးဆန်းတဲ့ပန်းပွင့်တွေ
ပျောက်ဆုံးမှုကိုသိချင်လို့စုံစမ်းရန်လာခဲ့သည့်အကြောင်းမှစ၍...မြင်းပျံနက်ကြီးနဲ့တွေ့ခဲ့ရပုံ..ကျောက်စိမ်း
ဂူထဲကဆေးလုံးကိုသောက်ခဲ့ပြီးစွမ်းအားများရရှိခဲ့ပုံတို့ကို
လျှောက်တင်သတဲ့...ရှေ့ကဥယျာဉ်မှူးတွေဟာလေ့လာစူးစမ်းမှုမရှိခဲ့ကြတဲ့အတွက်အဖမ်းခံခဲ့ကြရတာပါ.
..ဒါကြောင့်ထောင်ထဲကဥယျာဉ်မှူးတွေကိုလွှတ်ပေးစေချင်
ပါတယ်အရှင်မင်းကြီး...ဒီအခါဘုရင်ကြီးကသဘောကျသွားတော့တယ်..အိမ်းသင်ဟာတိတိကျကျသိ
ရအောင်လေ့လာစူးစမ်းတတ်ရုံမကဘူးအကြင်နာတရားလည်း
အပြည့်ရှိပါပေတယ်..ဒါနဲ့ဘုရင်ကြီးကနန္ဒသူရကိုနန်းမြို့စောင့်တပ်မှူးလေးအဖြစ်ရာထူးခန့်အပ်လိုက်သ
တဲ့လေ...အဲဒိနောက်နန္ဒသူရလည်းသူ့ရဲ့တာဝန်ကိုကျေပွန်
စွာထမ်းဆောင်ပြီးပျော်ရွှင်စွာနေထိုင်သွားတော့လေတယ်ကွယ့်....
Make a Free Website with Yola.