တစ်ခါကတောအုပ်တစ်ခုထဲမှာမြေခွေးတစ်ကောင်ရှိသတဲ့သူ့နာမည်ကိုငညိုလို့
ခေါ် တယ်မြေခွေးငညိုမှာ အရမ်းလှပပြီး နူးညံ့တဲ့အမွှေးတွေဖုံးအုပ်ထားတဲ့ အမြီး
ရှိတယ်... သူ့ရဲ့လှပတဲ့အမြီးကို မြင်ရသူတိုင်းက ချီးမွန်းကြသတဲ့ ... ဒါကြောင့် မြေခွေးငညို ဟာသူ့ရဲ့အမြီးကို တသသလုပ်နေလေ့ရှိသတဲ့...ဒီလိုနဲ့တစ်နေ့ မှာ
တော့ မြေခွေး ငညိုဟာအစာရှာသွားရင်းမုဆိုးတွေထောင်ထားတဲ့ထောင်ချောက်
ထဲမှာသူ့ရဲ့အ မြီးအရင်းနားကနေ ညပ်မိသွားတယ်...မြေခွေးငညိုဟာ ထောင်
ချောက်ကနေလွတ်အောင် အတင်းရုန်းကန်ကြည့်တယ်... သူ့ရဲ့အမြီးဟာအရမ်း
နာကျင်လာတယ် ဖြုတ်လို့မရဘူး...ဒါနဲ့သူဟာဒုက္ခရောက်နေတော့သတဲ့..အဲဒီ
အချိန်မှာလူတွေရဲ့စကားပြောသံနဲ့ခြေသံတွေကိုကြားလိုက်ရတယ်...ငညိုလည်း
မုဆိုးတွေ သူ့ကိုတွေ့သွားရင် အသက်ခံရတော့မယ်လို့တွေးပြီးကြောက်လန့်နေ
တော့သတဲ့..ဒါကြောင့်ထောင်ချောက်ထဲကနေ ညပ်နေတဲ့အမြီးကို အားကုန်ရုန်း
ထွက်လိုက်တယ် ... ဒီအခါမှာ အမြီးဟာ ထောင်ချောက်ထဲမှာပြတ်ပြီးကျန်ခဲ့တာ
ပေါ့..အမြီးပြတ်သွားတဲ့ ငညိုလည်းလွတ်ရာကိုထွက်ပြေးသွားတယ်..လွတ်တဲ့နေ
ရာရောက်တော့ ငညိုဟာသူ့ရဲ့ လှပတဲ့အမြီးကိုအရမ်းနှမြောတသဖြစ်နေတာပေါ့
“ငါ့ရဲ့ခံ့ညားထည်ဝါလှပတဲ့အမြီးဖွားကြီးမရှိတော့ဘူးတောထဲပြန်သွားရင်လဲတော
ထဲကတိရစ္ဆာန်တွေက အမြီးငုတ်တို ဖြစ်နေတဲ့ ငါ့ကိုဝိုင်းဟားကြလိမ့်မယ်...ဒါနဲ့င
ညိုဟာ သူနေတဲ့ တောအုပ်ကိုပြန်မသွားတော့ဘဲခြေဦးတည့်ရာထွက်လာခဲ့တော့ တယ်...ငညိုဟာစပျစ်သီးတွေသီးနေတဲ့စပျစ်ပင်နားရောက်လာတယ်....“အားပါး
ဗိုက်ကလဲဆာလိုက်တာ...”ဒါနဲ့ငညိုဟာနွယ်ပင်ကစပျစ်သီးတွေခူးစားတာပေါ့...
ဒီအခါစပျစ်သီးတွေကအရမ်းအရသာရှိနေတာသိလိုက်ရတယ်...မြေခွေးငညိုဟာစပျစ်သီးစားရင်းနဲ့
အကြံရလာတယ်...သူအမြီးပြတ်ရတာကိုတစ်ခြားတိရစ္ဆာန်တွေ မသိအောင် ဥာဏ်သုံးရမယ်လို့ စဉ်းစားပြီး သူနေတဲ့တောကပြန်လာခဲ့တယ်..တော 
ထဲရောက်တဲ့အခါ အမြီးမပါတဲ့ငညိုကို တွေ့တော့တိရစ္ဆာန်တွေက ဝိုင်းမေးကြတာပေါ့ ...
ဒီအခါ ငညိုက ငါဟာမင်းတို့တွေအတွက်နဲ့ ငါ့ရဲ့အမြီးကို အဆုံးရှုံးခံလိုက်
ရတာပါလို့ပြောလိုက်သတဲ့.........ဒီတော့တိရစ္ဆာန်တွေက ဘာကြောင့်လဲဆိုတာသိချင်နေ ကြတယ်.. “ဒါဆိုရင် ငါတို့ကြောင့် ဘယ်လိုဖြစ်ရတာလဲ..”အင်းဒီလိုကွ
ငါတောစပ်တစ်နေ ရာမှာ မှည့်ဝင်းနေတဲ့ သစ်သီးတွေတွေ့ခဲ့တယ်ကွ အနံ့ကလဲအရမ်းမွှေးတယ် ဒါနဲ့ ငါလဲမင်းတို့တွေကိုခေါ်ပြီး စားဖို့ စိတ်ကူးရမိတယ်ဒါပေမယ့်
ဒီအသီးက တစ်ကယ်ပဲ အရသာရှိရဲ့လား အဆိပ်သီးများဖြစ်နေမလားလို့ တွေးမိတယ်ဒါနဲ့ မင်းတို့တွေအန္တရာယ်မဖြစ်အောင်ငါစမ်းပြီးစားကြည့်မယ်ဆိုပြီးစားကြည့်မိတယ် ဒီတော့အန္တရာယ် မဖြစ်ဘဲ ငါ့ရဲ့အမြီးတိုဝင်သွားတယ်ကွ......”
ဒါပေမယ့် မြေခွေးစကားကို တောတိရစ္ဆာန်တွေက မယုံကြဘူးတဲ့...ဒီအခါ ငညိုက
လက်တွေ့ပြမယ်ဆိုပြီး တောစပ်မှာရှိတဲ့ စပျစ်ပင်ဆီခေါ်သွားသတဲ့... ပြီးတော့သူ
တို့အားလုံးကို ချုံထဲမှာပုန်းခိုင်းထားတယ်...မကြာခင်မှာပဲ လူတစ်ယောက်ရောက်
လာပြီး စပျစ်သီးတွေအားရပါးရ ခူးစားနတယ်...ဒါကိုတိရစ္ဆာန်တွေက ချုံထဲကနေ
တိတ်တိတ်လေးဝိုင်းကြည့်နေတယ်...“ဟယ် ဟုတ်ပါရဲ့ ဟိုအသီးစားနေတဲ့လူက
အမြီးတောင်မရှိပါလား အရမ်းစားလို့ ငညိုလို အမြီးငုတ်တိုပါ မကျန်ဘဲသူ့ရဲ့အမြီး
ပါပျောက်သွားတာဖြစ်ရမယ်..”အဲဒီနောက်တော့ငညိုဟာတောထဲကတိရစ္ဆာန်တွေ
ကြားမှာ ရှက်စရာမလိုဘဲ နေထိုင်သွားနိုင်တော့တယ်... ဒါအပြင်အရမ်းအရသာရှိ
တဲ့စပျစ်သီးကိုလည်း ဘယ်သူမှ မသိအောင် အဝစားနိုင်သွားတော့သတဲ့ကွယ်.....
ပြီး.....
Make a Free Website with Yola.