တစ်ခါတုန်းကပေါကွယ်တောအုပ်ကြီးတစ်ခုမှာ၊မိကျောင်းလင်မယားတို့ရှိကြ
တယ်မှောင်ခင်လေမျောက်ရဲ့အသည်းနှလုံးကိုစားချင်နေတယ်၊မောင်ကြံဆောင်
ပေးနိုင်မလား၊မောင့်ရဲ့အစွမ်းအစဘယ်လောက်ရှိမလဲဆိုကိုခင်သိချင်တယ်။
အင်းငါ့မိန်းမတော့ငါ့ကိုချွဲနေပြီ၊ဒါများကွာရအောင်ရှာပေးပါ့မယ်၊ဒီလိုနဲ့မိကျောင်းကြီး ဟာမျောက်အရှာထွက်လာခဲ့တော့သတဲ့၊ကွိကွိကွကွ၊မျောက်ကျွန်းကြီးပါလား
၊မကြာခင်မှာမိကျောင်းကြီးဟာမျောက်တွေစံပျော်ရာကျွန်းကြီးတစ်ကျွန်းကို
ရောက်သွားလေတယ်၊အဲမျောက်တွေအများကြီးပါလားငါ့အကြံတော့အောင်ပြီ၊
မိကျောင်းကြီးဟာကျွန်းပေါ်ကိုရောက်တော့အေးအေးဆေးဆေးထိုင်နေတဲ့မျောက်ကြီး တစ်ကောင်ကိုတွေ့ရတယ်၊အိုးခေ၊ဗျို့ကိုမျောက်ကြီး၊ဒီကျွန်းမှာခင်ဗျားတို့
မျောက်တွေကတအားများတော့စားစရာအသီးအနှံတွေအတော်ရှားမှာပဲနော်၊
ဘယ့်နှယ်ပြောပါလိမ့်ဗျာရှားတာပေါ့၊ကျုပ်တို့အစာဖြစ်တဲ့ငှက်ပျောသီးကိုမစားရတာ
နှစ်ပေါက်နေပြီ၊မြင်ရင်တောင်မှတ်မိပါ့မလားမသိဘူး၊အင်းဒါဆိုကျုပ်ပြောပြပါ့မယ်။ဒီ
ချောင်းကြီးရဲ့ဟိုဘက်တောအုပ်မှာသစ်သီးဝလံတွေသိပ်ပေါတာပဲ၊ခင်ဗျားတို့ သိပ်ကြိုက်တဲ့ငှက်ပျောသီးတွေဟာအလေ့ကျပေါက်ပြီးသီးနေလိုက်တာစားမယ့်
လူတောင်အဲ၊စားမယ့်မျောက်တွေတစ်ကောင်မှမရှိဘူး၊ဒီအခါမျောက်ကြီးဟာ
သိပ်သဘောကျသွားတာပေါ့။ဟာဒါဆိုအဲဒီကိုသိသွားချင်တာပေါ့၊ဒါပေမယ့်
ကျုပ်တို့ကရေမကူးတတ်လို့ခက်နေတာဗျ၊ဒါများဗျာလွယ်ပါတယ်ကျုပ်ရဲ့
ကျောပေါ်တက်လိုက်ပါ၊စေတနာဝန်ထမ်းကူညီပေးးရတာပေါ့ဟဲဟဲ
၊အဲဒီနောက်မျောက်ကြီးဟာမိကျောင်းရဲ့ကျောပေါ်ကိုတက်လိုက်သတဲ့၊
ပြီးတော့သူတို့ဟာတစ်ဘက်ကမ်းကိုကူးသွားကြတော့လေတယ်၊ဟီးဟီးဇိမ်ပဲ၊
သေချာကိုင်ထားနော်ကိုမျောက်ကြီးမကြာခင်မှာသူတို့ဟာရေလည်ကိုရောက်သွားကြတာပေါ့၊ဒီအခိုက်မှာမိကျောင်းကြီးကရေထဲကိုထိုးဆင်းပြီးရေမကူး
တတ်တဲ့မျောက်ကိုသတ်ဖို့လုပ်တော့သတဲ့၊အိုးဘယ့်နှယ့်လုပ်တာတုန်းဦးမိကျောင်းရဲ့၊ဒီဒီလိုမကျီစားပါနဲ့ဗျာကျုပ်ကြောက်လို့ပါ၊ဟားဟားဟား
ခင်ဗျားကိုရေနှစ်သတ်မလို့၊ကျုပ်ရဲ့မိန်းမကမျောက်ရဲ့အသည်းနှလုံးကိုမှစားချင်ဆိုလို့ဗျ၊ဒါများကိုမိကျောင်းရာကျုပ်ကိုယ်တိုင်ထုတ်ပေးမှာပေါ့ဗျာ
၊ကျုပ်တို့ဟာသစ်ပင်ပေါ်ကူးလိုက်ခုန်လိုက်နဲ့ဝေးဟေးဝေဟင်မှာလေဟုန်စီးရီးလေးလွှဲခိုတာရယ်၊မျက်စိနောက်အောင်တစ်နေကုန်ဆော့တဲ့အမျိုး၊ဆော့မှာပဲ
ဆော့မှာပဲကျွန်မကိုမတားနဲ၊ဒီတော့အသည်းနှလုံးဟာလှုပ် ရှားရလွန်းလို့ပြုတ်ကျပျက်စီးမှာပေါ့၊ဟေ့ငါ့အသည်းနှလုံးတွေ့မိလား၊သိဘူးလေ၊ဒါကြောင့်အသည်းနှလုံးကို
ကျုပ်တို့နေတဲ့ကျွန်းပေါ်ကရေသဖမ်းပင်ပေါ်မှာချိတ်ဆွဲထားရတယ်၊ပေါက်ကရတွေ၊
ခင်ဗျားကျုပ်ကိုကျုပ်တို့တွေနေတဲ့ကမ်းပေါ်ပို့ပေး၊မျောက်သားတော့စားရတော့မယ်
အဟိ၊ရေသဖန်းပင်ပေါ်ကကျုပ်ရဲ့အသည်းနှလုံးကိုဖြုတ်ပေးပါ့မယ်၊မျောက်ကြီးက
ပရိယယ်နဲ့ပြောတဲ့စကားကိုမိကျောင်းကြီးကယုံကြည်သွားလေတယ်၊ကောင်းပြီ
ခင်ဗျားသာကတိတည်ပါစေ၊ဒိလိုနဲ့မိကျောင်းကြီးဟာမျောက်ကိုသူတို့နေထိုင်တဲ့
ကျွန်းကိုလိုက်ပို့ပေးပြန်သတဲ့၊ဟိုမှာတွေ့လား၊ကမ်းကိုရောက်ကာနီးတော့
အသီးနီနီရဲရဲတွေပြွတ်သိပ်သီးနေတဲ့ရေဖန်းပင်ကိုမျောက်ကပြလိုက်၊
ကျုပ်တို့မျောက်တွေရဲ့အသည်းနှလုံးကိုသစ်ပင်အပေါ်တင်ထားတာ၊ ဒီလိုနဲ့
မျောက်ကိုကျောပေါ်တင်လာတဲ့မိကျောင်းကြီးဟာကမ်းကိုကပ်လိုက်၊ကဲ၊ သစ်ပင်ပေါ်
အမြန်တက်မှ၊ငါပြောတာကိုယုံတဲ့မိကျောင်းကဲဟာကဲဟာ၊မျောက်ဟာ
ကမ်းရောက်တာနဲ့သဖန်းပင်ပေါ်ကိုအမြန်တက်ပြီးမိကျောင်းကြီးကိုသဖန်းသီးတွေနဲ့
ပစ်ပေါက်တော့လေ၊ကဲရော့အဲဒါကျုပ်ရဲ့အသည်းနှလုံး၊တော်တော်အတဲ့မိကျောင်း၊
ဒီအခါမိကျောင်းကြီးဟာလူးလှိမ့်ပြီးခံနေရရှာ..တုံခွပ်တုံဝှစ်၊ကြာတော့မိကျောင်းကြီး
ဟာငြိမ်ကျသွားတော့၊အဲမိကျောင်းကြီးငြိမ်သွားပြီ၊ငါ့အသီးတွေနဲ့ပစ်ပေါက်လိုက်လို့
မူးမေ့သွားတာထင်ပါရဲ့၊သူအမူးပြေရင်ရေထဲပြန်ကူးသွားမှာပဲ၊ငါအောက်ကိုဆင်းလို့
သူအမူးပြေလာရင်၊မတော်ကုန်းထလာလို့များငါနဲ့တိုးလို့ကတော့အခက်ပဲ၊အောက်
ကိုမဆင်းရဲဘူး၊ဒီလိုနဲ့မျောက်ကြီးဟာကြောက်လန့်ပြီးတော့သစ်ပင်ပေါ်မှာ
နေရတော့၏၊အဲဒီနောက်နှစ်ရက်ခန့်ကြာသွား၊ဟာခုထိမိကျောင်းကြီးမြက်တောထဲ
မှာမလှုပ်မယှက်နဲ့ပါလား၊ဒါဆိုငါသစ်သီးတွေနဲ့ပေါက်တာလက်သံပြောင်သွားလို့
သေသွားတာပဲဖြစ်ရမယ်၊အဟဲငါဟာအောင်နိုင်သူပဲအဟီး၊သစ်ပင်ပေါ်ကရဲရဲဆင်းလို့
ရပြီ၊အသေကောင်ကြီးအပေါ်နင်းလိုက်ဦးမယ်၊မျောက်ဟာသစ်တုံးကြီးလိုဖြစ်နေတဲ့မိကျောင်းရဲ့ကိုယ်ပေါ်ကိုလှမ်းအတက်မှာမိကျောင်းကြီးက
လျှင်မြန်စွာနဲ့ကိုက်ပြီးစားပစ်လိုက်တော့၏၊ဂွပ်၊အ၊ဟားဟားငမျောက်ရယ်တို့မိကျောင်းတွေဟာအစာကိုတွေ့ရင်အဲဒီအစာဟာသစ်ပင်အပေါ်တက်ပြေး
လည်းအောက်ကနေအသေကောင်လို မလှုပ်မယှက်နဲ့လေးငါးရက်အထိအစာငတ်ခံပြီး စောင့်ဖမ်းစားတတ်တဲ့အကျင့်ရှိတာမင်းမသိတော့ခုအငါ့အစာဖြစ်ပြီပေါ့ကွာဟီး၊အဲဒီနောက်
မိကျောက်းကြီးဟာသူ့မိန်းမအတွက်ချန်ထားတဲ့အသည်းနှလုံးကိုယူသွားပြီးရေထဲကိုငုပ်သွားတော့လေ
သတည်း...၊ 
 

Make a Free Website with Yola.