လွန်လေပြီးသောအခါကမုဆိုးမကြီးတစ်ဦးတွင်သမီးနှစ်ယောက်ရှိ၏တစ်ယောက် က အရုပ်ဆိုးသလောက်အပျင်းထူပြီး တစ်ယောက်မှာ ချောမောလှပပြီးအလုပ်ကို
လည်း လက်နှင့်မပြတ်အောင်လုပ်ကိုင်တတ်သူဖြစ်လေသည်.သို့သော်မိခင်မုဆိုး
မကြီးကားအရုပ်ဆိုး၍အပျင်းထူသောသမီးကိုပို၍ချစ်လေသည်...အဘယ်ကြောင့်
ဆိုသော်အရုပ်ဆိုးသောသမီးကားသူ၏သမီးအရင်းဖြစ်သောကြောင့်ဖြစ်လေသည်
.. ရုပ်ရည်ချောမောလှပသောသမီးကား သူ၏လင်ပါသမီး ဖြစ်သောကြောင့်တစ်
ချက်ကလေးမှ မျက်နှာသာ မပေးဘဲအမြဲဆူပူ ငေါက်ငမ်းနေလေ့ရှိ၏...“မြန်မြန်
လုပ်စမ်းပြီးရင်ဟိုရေတွင်းနားမှာ သွားပြီးချည်ငင်လိုက်ဦး ..” ဟုတ် ဟုတ်ကဲ့ပါဒါ
ပြီးရင် ငင်ပါ့မယ် အမေရယ်...” ကလေးမလေးခမျာပြောသမျှကိုမငြင်းသာဘဲလုပ်
ရရှာသည်...သူငယ်မလေးသည်ချည်ငင်ရင်းလက်များပေါက်ကာလက်မှသွေးများ
ယိုစီး၍ လာပေသည်... လက်မှယိုစီးသည့်သွေးများကြောင့် ကိုင်ထားသည့် ချည်
လုံးကိုပေကျံသွားလေရာ..“ငါ့မိထွေးသိရင်ငါ့ကိုရိုက်တော့မှာပဲမဖြစ်ဘူးရေမြန်မြန်
ဆေးမှပဲ... သို့ဖြင့်ရေတွင်းထဲသို့ငုံ၍ တွင်းရေဖြင့်ဆေးရန်ကြိုးစားလေသည်..ထို
အခါ လက်ထဲမှချည်လုံးမှာမတော်တဆဖြင့်ရေတွင်း ထဲသို့လွတ်ကျသွားတော့၏
“ဒုက္ခပဲ အမေတော့ ငါ့ကိုသတ်တော့မှာပဲ အဟင့် ဟင့် ...“ သူငယ်မလေးသည်
ငိုယိုကာအိမ်သို့ပြန်ရောက်လေလျှင်..“ဟို ဟို ချည် ချည်လုံးရေတွင်းထဲကိုပြုတ် ပြုတ်ကျသွားလို့ပါအမေ...” “ဘာဘယ်လိုဖြစ်လို့ပြုတ်ကျသွားရတာလဲသွားမရ
ရအောင်ပြန်ကောက်လာခဲ့ သွား အဲဒီချည်လုံးမရလို့ကတော့ နင်အိမ်ကိုပြန်လာ
ဖို့လုံးဝစိတ်မကူးနဲ့... ” သူငယ်မလေးမှာ မျက်ရည်ဆက်လက်ဖြင့် ရေတွင်းရှိရာ
သို့ပြန်လာခဲ့ရသည်....ရေတွင်းသို့ရောက်လျှင် ချည်လုံးကို ဆယ်ယူရန်ကြိုးစားလေ၏ ... သို့သော် ချည်လုံးမှာယူ၍မရဘဲ သူငယ်မလေးမှာအရှိန်လွန်ပြီး ရေတွင်းထဲသို့ပြုတ်ကျသွားလေသည်.. ထို့နောက်သူငယ်မလေးမှာရေအောက်မြုပ်
သွားတော့၏...ရေအောက်၌သတိလစ်သွားခဲ့ရမှမျက်စေ့ဖွင့်ကြည့်လိုက်သောအခါမြက်ခင်းတစ်ခုပေါ်သို့ ရောက်နေသည်ကို အံ့သြစွာသိလိုက်ရသည်...“ဟင် ငါ
ဘယ်ကိုရောက်နေတာပါလိမ့်..ဟင်ဟိုမှာ အိမ်လေးတစ်လုံးပါလား...” မြက်ခင်းပေါ်မှ လူးလဲထလိုက်ပြီး ခပ်လှမ်းလှမ်းမှ အိမ်ကလေးသို့လျှောက်လာခဲ့သည်....
အိမ်ကလေး၏ တံခါးဝသို့အရောက်တွင်ရုပ်ဆိုးဆိုးနှင့်အဘွားအိုတစ်ယောက်ကို တွေ့ရသည်..သူငယ်မလေးမှာရုတ်တရက်ကြောက်လန့်သောစိတ်ဖြင့်ထွက်ပြေး
မည်ပြုစဉ်...“မကြောက်ပါနဲ့ငါမြေးရယ်အဘွားကငါ့မြေးကိုဒုက္ခပေးမယ့်သူမဟုတ် ပါဘူး....” “ငါ့မြေးဒုက္ခရောက်နေတာတွေ့လို့အဘွားခေါ်လိုက်တာပါ အဘွားနဲ့အတူနေရင် ငါ့မြေးစိတ်ချမ်းသာမှာပါ အဘွားကို လူတွေကဆီးနှင်းမယ်တော်လို့
ခေါ်ကြတယ်ကွယ်.ငါ့မြေးကအဘွားနဲ့အတူနေပြီးအဘွားရဲ့အိမ်အလုပ်တွေကိုကူ
လုပ်ပေး ဟုတ်လား..” “လာသမီးဟောဒီမှာ အဘွားရဲ့ ငှက်မွှေးနဲ့ပြုလုပ်ထားတဲ့
အိပ်ရာခင်းကို သန့်ရှင်းအောင် လက်နဲ့ပုတ်ပေး ဟုတ်လား.. ငါ့မြေးလက်နဲ့ပုတ်
တဲ့အခါ ငှက်မွှေးတွေလွင့်စင်သွားကြလိမ့်မယ်...ဒီအခါမှာ ကမ္ဘာသူ ကမ္ဘာသား
တွေက ဆီးနှင်းတွေ ကျလာပြီး ဟေ့ဆိုပြီး ဝမ်းသာအားရအော်ကြလိမ့်မယ်.....”
ဒီတော့မှသူငယ်မလေးဟာ အဘွားအိုနဲ့ အတူနေဖို့သဘောတူလိုက်တယ်..ထို
နေ့မှစ၍ သူငယ်မလေးမှာ အဘွားအိုပြောသမျှကိုမငြီးမငြုလုပ်ကိုင်ပေးလေသည်
အဘွားအိုလည်း သူငယ်မလေးကိုအလွန်သဘောကျကာ ..“ ဒီ ကလေးမလေး
ဟာသဘောမနောကောင်းလှတယ်သူ့ကိုဖြူဖြူလို့နာမည်ပေးရမယ်....” ဖြူဖြူ
သည်ဆီးနှင်းမယ်တော်နှင့်အတူနေခဲ့သည်မှာလပေါင်းအတော်ကြာပြီဖြစ်သော
ကြောင့် အိမ်ကိုသတိရကာအိမ်ပြန်လိုစိတ်ပေါ်လာသည်....သို့ဖြင့်ဖြူဖြူလေးဟာ
သူ့ခံစားချက်ကိုဆီးနှင်းမယ်တော်ကို ဖွင့်ပြောပြတယ်... “ငါ့မြေးအိမ်ကိုပြန်ချင်ရင်
ပြန်နိုင်ပါတယ်..ကဲငါ့မြေးအတွက်အိမ်ပြန်လက်ဆောင်ကိုအဘွားပေးလိုက်မယ်.”
ဖြူဖြူအရမ်းအံ့သြသွားရသည်အဘယ်ကြောင့်ဆိုသော်သူရေတွင်းထဲသို့ပြုတ်ကျ
ခဲ့သည့် ချည်လုံးလေးမှာ ဆီးနှင်းမယ်တော်၏ လက်ထဲတွင်တွေ့လိုက်ရသော
ကြောင့်ဖြစ်၏.. “ဒါလေးကိုယူပြီးငါ့သမီး စိတ်ချမ်းချမ်းသာသာနဲ့ပြန်ပေတော့....”
ဖြူဖြူမှာ ဆီးနှင်းမယ်တော်၏ အိမ်ကလေးမှထွက်လိုက်သည်နှင့် ..ရုတ်တရက်ရွာ
ချလိုက်သောမိုးကြောင့်ရွဲရွဲစိုသွားသော သူ့ကိုယ်သူကြည့်လိုက်ရာ...“ဟယ်ငါ့
ကိုယ်ပေါ်မှာရွှေရွက်လေးတွေကပ်နေပါလား..”ဝမ်းသာအားရနှင့်ဆီးနှင်းမယ်တော်ကိုလှည့်ကြည့်လိုက်ရာ ဆီးနှင်းမယ်တော်ကို မတွေ့ရတော့ဘဲ သူအိမ်ရှေ့သို့ပြန်ရောက်နေသည်ကို ထူးဆန်းစွာတွေ့လိုက်ရသည်... ထိုစဉ် ခြံစည်းရိုးပေါ်တွင်
နေနေသည့်ကြက်ဖကြီးသည်အိမ်သို့ဖြူဖြူပြန်ရောက်လာသည်ကတွေ့သောအခါ “အော်အီးအီးအွတ်..ရွှေမင်းသမီးလေးပြန်လာပြီဟေ့..”ကြက်ဖ၏အော်သံကြောင့်
မိထွေးဖြစ်သူက အိမ်ထဲမှထွက်ကြည့်သည်....“ဟင်ဟိုကောင်မ အဲသူ့ကိုယ်ပေါ်မှာရွှေ ရွှေတွေကပ်ပါလာပါလား...ဟယ်သမီးလေးရယ် အမေဖြင့်စိတ်ပူလိုက်တာ
ဒါ ဒါ အခုဘယ်ကပြန်လာတာလဲ ဟင်...”ဖြူဖြူလေးမှာ မိမိ၏အဖြစ်အပျက်ကိုမိထွေးဖြစ်သူအား တစ်လုံးမကျန်ပြန်၍ ပြောပြလိုက်၏.... လောဘကြီးလှသော မိ
ထွေးဖြစ်သူသည် ဖြူဖြူ၏ကိုယ်ပေါ်မှရွှေရွက်များကို ပိုမိုရလိုဇောဖြင့် သူ့သမီးရုပ်ဆိုးအား ရေတွင်းနားတွင် သွား၍ချည်ငင်ခိုင်းလိုက်၏....မုဆိုးမကြီး၏သမီးအရင်းဖြစ်သူရုပ်ဆိုးမသည် ချည်ငင်လိုစိတ်လုံးဝမရှိဘဲရွှေရွက်များကိုသာလိုချင်စိတ်ရှိသူ
ဖြစ်သဖြင့် “ဟင် လုပ်တောင်မလုပ်ရသေးဘူး သွေးကထွက်လာပြီ....”ရုပ်ဆိုးမမှာ
ချည်လုံးများကို ရေတွင်းထဲသို့ ပစ်ချပြီးနောက် သူကိုယ်တိုင်ရေတွင်းထဲသို့ ခုန်ချ
လိုက်လေတော့သည် .....သတိပြန်ရလာသောအခါ...“ဟယ်ဟိုမှာ ဖြူဖြူပြောတဲ့
ဆီးနှင်းမယ်တော်ဆိုလား ဘာဆိုလားဟုတ်ပြီ...” ဆီးနှင်းမယ်တော်ကိုရုပ်ဆိုးမက
ဖက်ပြီးနေပါရစေဟုတောင်းပန်သတဲ့ ...ဒီအခါဆီးနှင်းမယ်တော်က သူခိုင်းတာကို
လုပ်ပေးရမယ်လို့ကတိတောင်းတယ်..ရုပ်ဆိုးမကလည်းဝမ်းသာအားရနဲ့ကတိပေး
လိုက်သတဲ့...ရောက်စမှာတော့ရုပ်ဆိုးမသည်ရွှေရွက်တွေကိုလိုချင်လောဘစိတ်နဲ့
တွေ့သမျှကိုအကုန်လုပ်တယ်.... ဒါပေမယ့် နောက်တစ်နေ့သို့ရောက်တဲ့အခါမှာ
တော့ ရုပ်ဆိုးမလေးအပျင်းထူ၍လာတော့သည်.... နောက်နေ့များတွင်လည်း အ
ပျင်းထူပြီး နေမြင့်သည်အထိ အိပ်ရာမှမထဘဲ နေလေသည်...ဆီးနှင်းမယ်တော်၏
အိပ်ရာကိုလည်းလှည်းကျင်းခြင်းမပြုသဖြင့် မြေကြီးပေါ်တွင် ဆီးနှင်းများလုံးဝမကျ
တော့ပေ...“ဟေ့ကလေးမ ထစမ်းနင်ဒီလောက်ပျင်းနေရင် ငါ့ဆီမှာ ဆက်မနေနဲ့
တော့..”ဆီးနှင်းမယ်တော်မှာ ရုပ်ဆိုးမအား အိမ်ပေါက်ဝအထိလိုက်ပို့ပေး၏...အိမ်
မှ ထွက်လိုက်သည်နှင့် တပြိုင်နက် ရုတ်တရက်ဆိုသကဲ့ သို့မိုးနက်ကြီးရွာချလိုက်
သည်..ရုပ်ဆိုးမမှာ ရွှေများရမလာဘဲ တစ်ကိုယ်လုံး မဲမောင်နံစော်ကာ အိမ်သို့ပြန်
ရောက်ခဲ့သည်... ထိုအခါ ခြံစည်းရိုးပေါ်တွင် နားနေသည့်ကြက်ဖကြီးအော်လိုက်ပုံ
မှာကား.....အပျင်းထူတဲ့ မမဲတူ တစ်ယောက်ပြန်လာပြီဟေ့
Make a Free Website with Yola.